ရှားပါးဂေါ်ရီလာမျောက်ဝံပေါက်လေး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရှားပါးဂေါ်ရီလာမျောက်ဝံပေါက်လေး

  • 26 မတ် 2018

အနောက်ပိုင်း မြေနိမ့် ဂေါ်ရီလာ မျောက်ဝံ မကြီးတွေက ၄ နှစ် မှာ ၁ ခါ လောက် သားပေါက် တတ်ကြပါတယ်။ အခုဆိုရင် တရားမဝင် အမဲလိုက် မှောင်ခို မုဆိုးတွေနဲ့ ရောဂါဘယ ဒဏ်ကြောင့် သူတို့ဟာ မျိုးတုံးလု အနေ အထား ဖြစ်နေပါတယ်။

သဘာဝတောရိုင်းထဲမှာ ဒီ ဂေါ်ရီလာ မျောက်ဝံမျိုး အကောင် အရေအတွက်က ၁၀၀,၀၀၀ လောက်ပဲ ကျန်တော့တယ်လို့ သုတေသီတွေက ခန့်မှန်းပါတယ်။

ကွန်ဂိုက Nouabalé-Ndoki သဘာဝ ဥယျာဉ်ထဲမှာ ၁ ပတ်သား ဂေါ်ရီလာမျောက်ဝံပေါက်လေးကို သူ့မိခင်နဲ့ အတူ တွေ့မြင်ရတဲ့ ရှားပါး ပုံရိပ်ကို ဖမ်းယူထားနိုင်ခဲ့တယ် ရုပ်သံမှာ သူတို့ အကြောင်းကို ရှုစားနိုင်ပါတယ်။