ဆီးရီးယားအရေး မဟာမိတ် ၃ နိုင်ငံ ဆွေးနွေး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယားအရေး မဟာမိတ် ၃ နိုင်ငံ ဆွေးနွေး

  • 4 ဧပြီ 2018

ဆီးရီးယားနိုင်ငံတွင်း စစ်ပွဲတွေ အဆုံးသတ်မယ့် နည်ဗျူဟာတွေ ရှာဖွေကြမယ့် ၃ နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင်မှာ တူရကီ၊ ရုရှားနဲ့ အီရန် ခေါင်းဆောင်တွေက တူရကီ မြို့တော် အန်ကာရာမှာ တွေ့ဆုံခဲ့ကြပါတယ်။

ရုရှားနဲ့ အီရန်တို့က ဆီးရီးယား အစိုးရကို ထောက်ပံကူညီနေပြီး တူရကီကတော့ သူပုန်အဖွဲ့တွေကို ထောက်ခံနေတာကြောင့် ဒီတွေ့ဆုံမှုဟာ ထူးခြားတယ်လို့ ပြောရမှာပါ။

မြို့တော် ဒမတ်စကတ်အနီးက သူပုန်တွေ အဓိက ထိန်းချုပ်ထားတဲ့ ဂူတာအရှေ့ပိုင်းကို အစိုးရတပ်တွေက ပြန်လည် သိမ်းယူနိုင်တဲ့ အခြေအနေ ရှိနေတာကြောင့် အခုလို တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း လေကြောင်းတိုက်ခိုက်တာတွေ အရှိန်မြှင့်လုပ်နေတဲ့ နေရာတွေကနေ ဒေသခံတွေ ဘေးလွတ်ရာကို ရွေ့ပြောင်းခဲ့ကြပြီလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

အပြည့်အစုံကိုတော့ ကိုအောင်သွင်က ပြောပြပေးမှာပါ။

ဆက်စပ် အကြောင်းအရာများ