ဆီးရီးယားအရေး ကန်နဲ့ ရုရှားအငြင်းပွား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယားအရေး ကန်နဲ့ ရုရှားအငြင်းပွား

  • 10 ဧပြီ 2018

ဆီးရီးယားမှာ ဓာတုလက်နက်သုံးတယ်လို့ ယူဆရတဲ့တိုက်ခိုက်မှု နဲ့ပတ်သက်လို့ ကုလသမဂ္ဂမှာ အမေရိကန်နဲ့ရုရှားတို့အကြား အငြင်းပွားခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ အမေရိကန်က လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့တောင်းဆိုလာတာကို ရုရှားက ပယ်ချခဲ့တဲ့နောက်မှာ သမ္မတ ထရမ့်ကလည်း ဆီးရီးယားကို အင်အားသုံး အရေးယူမယ်လို့ပြောလိုက်ပါတယ်။ မော်စကို ကတော့ ဒီလိုလုပ်ရင် အကျိုးဆက်တွေက ကောင်းလိမ့်မယ် မဟုတ်ဘူးလို့ သတိပေးပါတယ်။

အခု သတင်းထဲ မှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ပုံရိပ်တွေ ပါလာနိုင်ကြောင်း ကြိုတင်သတိပေးပါရစေ။ ကိုထက်အောင်က ပြောပြမှာပါ။