ဖေ့စ်ဘုတ်ခ်ရဲ့ အားနည်းချက်အတွက် ဇတ်ကာဘတ်ဂ် တောင်းပန်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဖေ့စ်ဘုတ်ခ်အားနည်းချက်အတွက် ဇတ်ကာဘတ်ဂ် တောင်းပန်

  • 11 ဧပြီ 2018

ဝါရှင်တန်မှာတော့ ဖေ့စ်ဘုတ်ခ် တည်ထောင်သူ မာ့ခ် ဇတ်ကာဘတ်ဂ် ကို ဖေ့စ်ဘုတ်ခ် သုံးသူတွေရဲ့ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေကို တခြား ကုမ္ပဏီတခုက ရယူ သုံးစွဲခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်အမတ်တွေက ဒုတိယမြောက်နေ့အဖြစ် မေးမြန်းကြားနာမှုတွေလုပ်နေကြပါတယ်။ သူ့ကို အင်္ဂါနေ့ကလည်း ၅ နာရီလောက် မေးမြန်းခဲ့ကြပါသေးတယ်။ ဇတ်ကာဘတ်ဂ်ကတော့ ဖေ့စ်ဘုတ်ခ်ရဲ့အားနည်းချက်တွေအတွက် တောင်းပန်စကားဆိုခဲ့ပါတယ်။ အဲဒီ ဖေ့စ်ဘုတ်ခ်ရဲ့အားနည်းချက်တွေကို အသုံးချဖို့ကြိုးစားနေကြတဲ့ ရုရှားက နည်းပညာ ကျွမ်းကျင်သူတွေ ရဲ့ အန္တရာယ်ကိုလည်း အမြဲ ရင်ဆိုင်ကာကွယ်မှုတွေလုပ်နေရတယ်လို့ ပြောပါတယ်။ ကိုမင်းထက်က ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ