ဓာတုလက်နက် စစ်ဆေးသူတွေ ဒူမာကို လာရောက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဓာတုလက်နက် စစ်ဆေးသူတွေ ဒူမာကို လာရောက်

  • 17 ဧပြီ 2018

ဆီးရီးယားမှာ ဓာတုလက်နက်သုံးခဲ့တယ်လို့ ယူဆရတဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ဒူမာ မြို့ကို ဓာတုလက်နက် ဖျက်သိမ်းရေးဆိုင်ရာ အဖွဲ့ က စုံစမ်းစစ်ဆေးသူတွေ ရောက်လာပါတယ်။

ဓာတုလက်နက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ဟိမ်းမစ်ရှ် ဒါဘရက်တန် ဂေါ်ဒန်ကတော့ အဲဒီ စုံစမ်းစစ်ဆေးသူတွေ အဖို့ လိုအပ်မယ့် အထောက်အထားတွေ ရှာဖို့ တော်တော် ခက်ခဲ လိမ့်မယ်လို့ ပြောပါတယ်။

အမေရိကန်နဲ့ဗြိတိန်တို့က မော်စကိုနဲ့ ဆီးရီးယားတို့ဟာ အဲဒီမှာဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကို ဖုံးဖိထားဖို့ ကြိုးစားနေကြတယ်လို့ စွပ်စွဲနေကြပါတယ်။ အဲဒီ ဒေသကိုလည်း ရုရှား စစ်တပ်က သွားရောက်ခဲ့ပြီးဖြစ်သလို အမေရိကန် စီဘီအက်စ် သတင်းဌာနက သတင်းထောက် ဆက်သ် ဒိုအန်လည်း ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။

ကိုထက်အောင်က ပြောပြမှာပါ။