အလက်ပိုမှာ ဆီးရီးယား အမျိုးသားနေ့ကျင်းပ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အလက်ပိုမှာ ဆီးရီးယား အမျိုးသားနေ့ကျင်းပ

  • 18 ဧပြီ 2018

ဆီးရီးယား နိုင်ငံအတွင်းကာ ဓာတုလက်နက်သုံးတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ယူဆရတဲ့ဒူမာမြို့မှာ စစ်ဆေးဖို့ရောက်နေတဲ့အဖွဲ့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်မိတယ်လို့

နိုင်ငံတကာ ဓာတုလက်နက် စောင့်ကြည့်ဖျက်သိမ်းရေး အဖွဲ့ ရဲ့အကြီးအကဲ က ပြောပါတယ်။

အဲဒီအဖွဲ့ကို မနေ့က ဒမတ်စကပ်စ်မြို့အနီးမှာ ပစ်ခတ်တိုက်ခိုက် ခံခဲ့ရတဲ့အတွက် ဖြစ်ပြီး အဲဒါကြောင့်စုံစမ်းစစ်ဆေးမှုတွေလည်း နှောင့်နှေးသွားနိုင်တယ်လို့ဆိုပါတယ်။

ဆီးရီးယားနဲ့ရုရှား ကတော့ဒါတွေဟာ မမှန်ကန်ဘူးဆိုပြီး ငြင်းဆိုထားပါတယ်။ တချိန်တည်းမှာပဲ အလက်ပိုမြို့မှာတော့ ဆီးရီယား အမျိုးသားနေ့ အထိမ်းအမှတ်ပွဲတွေ ကျင်းပနေကြပါတယ်။

မသီဒါနွယ်က ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ