ထိုင်းရောက် မြန်မာလုပ်သားတွေရဲ့ အသံများ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က မြန်မာလုပ်သားတွေရဲ့ အိပ်မက်များ

မြန်မာနိုင်ငံကနေ ဒေသတွင်းနိုင်ငံတွေကို အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း အလုပ် လုပ်ကိုင်နေကြသူတွေ သန်းနဲ့ချီ ရှိနေပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃ သန်းနီးပါးဟာ ရွှေ့ပြောင်းလုပ်သားတွေ အဖြစ် ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ် လုပ်ကိုင်နေကြပါတယ်။ အဲဒီအရေအတွက်အပြင် စာရင်းမကောက်ခံနိုင်တဲ့ သူတွေလည်း ရှိနေပြီး တကယ် ပြည်ပ ထွက်ခွာ အလုပ် လုပ်ကိုင်နေသူ အရေအတွက် က ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ အများစု က အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ရှိနေကြပါတယ်။ သူတို့ရဲ့ အလုပ်အကိုင်တွေနဲ့ အိပ်မက်တွေက ဘာတွေများ ဖြစ်မလဲ။

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်က ညဈေးတခုမှာ အလုပ် လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေရဲ့ ရင်ဖွင့်သံတွေကို ဘီဘီစီ မြန်မာပိုင်းက သွားရောက် ရိုက်ကူး မှတ်တမ်း တင်ခဲ့ပါတယ်။ ရုပ်သံမှာ ကြည့်ရှု နားဆင်နိုင်ပါပြီ။

ရိုက်ကူးတင်ဆက် - စံကျော်ထွန်း၊ ငြိမ်းချမ်းအေး