BBC navigation

ဇွန်လ ၄ ရက် တမိနစ် ဗီဒီယို သတင်းလွှာ

နောက်ဆုံး ရေးသားချိန် 4 ဇွန်လ 2012 - 18:27 GMT

မီဒီယာ ပလေးယား

တမိနစ် ဗီဒီယို သတင်းလွှာ

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

တရုတ်နိုင်ငံမှာတော့ ဇွန်လ ၄ ရက်နေ့မှာ ကျရောက်တဲ့ တီယန်နန်မင်ရင်ပြင် ဆန္ဒပြပွဲတွေကို နှိမ်နင်းခဲတဲ့ နှစ်ပတ်လည်နေ့မှာ ဆန္ပပြပွဲတွေ ဖြစ်မလာအောင် အာဏာပိုင်တွေက တက်ကြွလှုပ်ရှားသူတချို့ကို ထိန်းသိမ်းထားလိုက်ပြီး တချို့ကို တိုးပြီး စောင့်ကြည့်နေပါတယ်။ အမေရိကန်ကတော့ ၁၉၈၉ ခုနှစ်က ဖြစ်ခဲ့တဲ့ အဲဒီ ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်ပြီး အခုအထိ ဖမ်းဆီးထားသူ အားလုံး လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဗြိတိန်မှာ တော့ အဲလိဇဘက်ဘုရင်မကြီးရဲ့ နန်းစံသက် နှစ် ၆၀ ပြည့် စိန်ရတု အခမ်းအနားတွေကို ဆက်ပြီးကျင်းပနေပါတယ်။ တနင်္ဂနွေနေ့က လန်ဒန်က သိမ်းမြစ်ထဲမှာ လှေပေါင်း တထောင်ကျော် ပါဝင်တဲ့ ရေခင်းသဘင်ကြီးကို ကြီးကြီးကျယ်ကျယ် ကျင်းပခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ ဘက်ကင်ဟမ်န်း နန်းတော်မှာ ဂီတဖြေဖျော်ပွဲကြီး တခု ကျင်းပမှာပါ။

နိုင်ဂျီးရီးယားနိုင်ငံ လေဂို့စ်မြို့မှာ ခရီးသည်တင်လေယာဉ်တစီး လူနေအိမ်တွေကြားထဲ ပျက်ကျပြီး လူ ၁၅၀ ကျော်သေဆုံးခဲ့ရပြီးတဲ့နောက် နိုင်ငံတဝန်း ဝမ်းနဲခြင်း အထိမ်းအမှတ် ၃ ရက် သတ်မှတ်ထားလိုက်ပါတယ်။ လေယာဉ်ပေါ်ပါ ခရီးသည်အားလုံးနဲ့ မြေပြင်ပေါ်က လူ တချို့လဲ သေဆုံးခဲ့ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။