Diamond Jubilee
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘုရင်မကြီး နန်းသက် စိန်ရတုအထိမ်းအမှတ် ဂီတဖြေဖျော်ပွဲ (တိုက်ရိုက်နားဆင်ရန်)

ဗြိတိန်မှာ အဲလိဇဘက်ဘုရင်မကြီးရဲ့ နန်းစံသက် နှစ် ၆၀ ပြည့် စိန်ရတု အခမ်းအနားတခုအဖြစ် ဇွန်လ ၄ ရက် တနင်္လာနေ့ ညပိုင်းမှာ ဘက်ကင်မ်ဟမ်နန်းတော်မှာ အထူး တေးဂီတဖြေဖျော်ပွဲကြီး တခုကို Sir Elton John, Paul McCartney, Stevie Wonder, Kylie Minogue တို့လို နိုင်ငံတကာ ဂီတပညာရှင်တွေ ပါဝင်ပြီး ပြုလုပ်ဖို့ရှိနေပါတယ်။ အဲဒီ ပွဲတော်က တိုက်ရိုက် ထုတ်လွှင့်ချက်တွေကို ဒီနေရာကနေ တိုက်ရိုက် နားဆင်နိုင်ပါတယ်။ (မှတ်ချက် 18:30 - 21:30 GMT အတွင်းသာ တိုက်ရိုက်နားဆင်နိုင်မှာ ဖြစ်ပါတယ်)

တေးဂီတပွဲ အပြီးမှာတော့ ဘုရင်မကြီးက စိန်ရတု အထိမ်းအမှတ် ကမ္ဘာတလွှား ထွန်းညှိနေတဲ့ ရောင်စုံမီးတန်း ၄၀၀၀ ထဲက နောက်ဆုံး မီးတိုင်ကို ကိုယ်တိုင် ထွန်းညှိပေးမှာ ဖြစ်ပါတယ်။