သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒဗ္ဗလင်နဲ့ လန်ဒန်ခရီးစဉ်

  • 19 ဇွန် 2012

ဥရောပခရီးစဉ် လှည့်လည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၈ ရက် တနင်္လာနေ့မှာ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ကို ရောက်သွားခဲပြီး Amnesty International လူ့အခွင့်အရေး အဖွဲ့ကြီးက ပေးအပ်ထားခဲ့တဲ့ ယုံကြည်ချက်ကို ဖော်ဆောင်လုပ်ကိုင်နေတဲ့ သံတမန်ဆုကို လက်ခံရယူခဲ့ပါတယ်။

သူ့ရဲ့ ၆၇ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ အင်္ဂါနေ့မှာတော့ မနက်ပိုင်းမှာ လန်ဒန် စီးပွားရေးတက္ကသိုလ် LSE မှာ တရားဥပဒေစိုးမိုးရေး အကြောင်း ဆွေးနွေးပွဲတခုမှာ ပါဝင်ဟောပြောဆွေးနွေးခဲ့ပြီးတဲ့ နောက် ဘီဘီစီရုံးကို ရောက်လာပြီး ကမ္ဘာတလွှားအစီအစဉ်က သတင်းသမားတွေ၊ မြန်မာပိုင်း အစီအစဉ် ဝိုင်းတော်သားတွေနဲ့လဲ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါတယ်။

ညနေပိုင်းမှာတော့ အောက်စဖို့ မြို့ကို သွားရောက်ခဲ့ပါတယ်။