သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒေါ်အောင်ဆန်းစုကြည် ဗြိတိသျှပါလီမန်မှာ မိန့်ခွန်းပြော

မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၂၁ ရက် ကြာသပတေးနေ့က ဗြိတိသျှပါလီမန် နှစ်ရပ်စလုံးမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

Westminster ပါလီမန် ခန်းမကြီးထဲမှာ ပုံမှန်အားဖြင့် နိုင်ငံ ခေါင်းဆောင်တွေကို သာ မိန့်ခွန်းပြောကြားခွင့် ပြုတာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အထူး ဂုဏ်ပြုတဲ့အနေနဲ့ မိန့်ခွန်းပြောကြားခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

မိန့်ခွန်းမပြောကြားခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာဒီမိုရေစီ စနစ်ပေါ်ထွန်းလာရေး ဗြိတိန်အစိုးရက အစီအစဉ်တွေရေးဆွဲပြီး ကူညီအားပေးနေမှုတွေ အတွက် ကျေးဇူးတင်ကြောင်း ပြောကြားသွားပါတယ်။

မနက်ပိုင်းကတော့ သူဟာ ဗြိတိသျှ တော်ဝင် အိမ်ရှေ့ မင်းသား ချားစ် နဲ့ တွေ့ဆုံခဲ့ပါတယ်။