သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရသ ပြတင်း အနုပညာ မြင်ကွင်း

  • 28 ဇွန် 2012

ပဲရစ်စ် မြို့မှာ နွေရာသီကို ကြိုဆိုကြပုံက ဒီလိုပါ။ ရာနဲ့ထောင်နဲ့ချီတဲ့ လူတွေဟာ ပြင်သစ်မြို့တော် ပဲရစ်စ်ရဲ့ လမ်းတွေပေါ်မှာ နွေရာသီ ဂီတပွဲကြီး ဆင်နွဲနေပါတယ်။

ဂီတအမျိုးအစားကလည်း စုံမှ စုံပါပဲ။

အော်ပရာ သီချင်းတွေ သီဆိုကြသူတွေလည်းရှိ၊ ခေတ် ပေါ် ရပ်ပ် သီချင်း ဆိုသူတွေလည်းရှိ၊ ဘုရားကျောင်း ဂီတလည်းပါသလို ဒီဂျေနဲ့ သီဆိုသူတွေလည်း မရှားပါဘူး။

လမ်းဒေါင့်တိုင်းမှာ အပျော်တမ်း ဂီတသမား ပရော်ဖက်ရှင်နယ် ဂီတသမားတွေဟာ နေရာတိုင်းမှာ လိုလိုပါပဲ။

***

၂၀၁၂ ခုနှစ် မြူးနစ်မြို့ အော်ပရာ ပွဲကတော့ ခါတိုင်းနဲ့ မတူ တမူထူးခြားလှပါပေတယ်။

ထောင်ဂဏန်းများစွာသော ပလာကိုယ်ထီး ဝစ်လစ်စလစ် လူအုပ်ကြီးဟာ အမေရိကန် ဓါတ်ပုံဆရာ Spencer Tunick ရဲ့ အနုပညာ စီစဉ်တင်ဆက်ပွဲမှာ ပါဝင်နေကြပုံ ဖြစ်ပါတယ်။

အခုသူတို့ စုဝေးနေကြရာ အရပ်က မြူနစ်မြို့ အမျိုးသား အော်ပရာ ဇာတ်ရုံရှေ့ ဖြစ်ပါတယ်။

ဝက်ဂနာရဲ့ ပြဇာတ်ဖြစ်တဲ့ ‘The Ring of the Nibelung’ နိဘလုန်း အဝိုင်း အော်ပရာကို လည်း သရုပ်ဖော်ခဲ့ပါတယ်။

***

အယ်လဂျီးရီးယားမှာတော့ လွတ်လပ်ရေး နှစ်ငါးဆယ်အခန်းအနားကို နိုင်ငံတဝှန်းက တိုင်းရင်းသားလူမျိုးပေါင်းစုံကို ကိုယ့်ရိုးရာ ဂီတမျိုးစုံနဲ့ ဖျော်ဖြေနေကြပါတယ်။

အယ်လဂျီးရီးယားအပြင် ဂျာမနီ၊ ယူကရိန်း၊ တောင်ကိုရီးယားနဲ့ စပိန်ဂီတတွေလည်း ပါဝင်ပါသေးတယ်။

အဓိက ဂီတပွဲကြီးကတော့ အယ်လ်ဂျီးရီးယား လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင် ၁၅ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

စပိန်နိုင်ငံမှာတော့ မဒရစ်မြို့မှာ ပထမဆုံး နိုင်ငံတကာ စာအုပ်အနုပညာ ပြပွဲကြီး ပြုလုပ်ကျင်းပနေပါတယ်။

စာအုပ်အနုပညာဆိုတော့ စာအုပ်ထဲမှာ ရေးသားထားတဲ့ အနုပညာမြောက်တဲ့ စာသားတွေလို့ တချို့ ကထင်ပါမယ်။ တကယ်က ဒီ့ထက်ပိုပါတယ်။ ဘယ်လိုပိုသလဲ ဆိုတာကတော့ မြင်ကြတဲ့ အတိုင်းပါပဲ။

စာအုပ်ပြပွဲနာမည်ကိုက စာအုပ်ထက်ပိုတဲ့ စာအုပ်ပြပွဲလို့ ဆိုပါတယ်။

စာအုပ်တွေကို ခေါက်ထားချိုးထား ပုံဖော်ထားလိုက်တာက အမျိုးမျိုးဖြစ်သလို စာအုပ်ရဲ့ စာမျက်နှာကလည်း စာရွက်နဲ့သာမက ပစ္စည်းအမျိုးမျိုးနဲ့ လုပ်ထားကြတာပါ။