သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဇွန် ၂၈ တမိနစ် ဗီဒီယို သတင်း

  • 28 ဇွန် 2012

တူရကီနိုင်ငံရဲ့ ဂျက်လေယာဉ်တစီးကို ပြီးခဲ့တဲ့ အပတ်တုန်းက ပစ်အချခံခဲ့ရပြီးနောက် အခုအခါ တူရကီနယ်စပ်မှာ စစ်တပ်အင်အားတိုးမြှင့် ပို့ထားတယ်လို့ တူရကီ အစိုးရက အတည်ပြုလိုက်ပါတယ်။ တင့်ကားတွေ ၊ လေယာဉ်ပစ် အမြောက်တွေ မစ်ဇိုင်း လောင်ချာတွေကို တူရကီတောင်ပိုင်းနယ်စပ်ဆီ ပို့ဆောင်နေပုံဖြစ်ပါတယ်။

အမေရိက အနောက်ပိုင်း တောမီး လောင်ကျွမ်းရာဒေသကို သမ္မတအိုဘားမား သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ကော်လိုရာဒို ပြည်နယ်မှာ အိမ်ခြေ ရာပေါင်းများစွာပျက်စီးခဲ့ပြီး လူပေါင်း သုံးသောင်းကျော်ကို လုံခြုံတဲ့ နေရာ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ခဲ့ရပါတယ်။ တောမီးဟာ ကော်လိုရာဒိုပြည်နယ်ရဲ့ ဒုတိယ အကြီးဆုံးမြို့အထိ ရောက်ရှိ လောင်ကျွမ်းခဲ့ပါတယ်။

အဝလွန်ရောဂါကို တိုက်ဖျက်ဖို့ ဆေးတမျိုးကို သုံးစွဲဖို့ သင့်တော်ကြောင်း အမေရိကန် အစိုးရက ၁၃ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် အဖြစ် အတည်ပြုပေးလိုက်ပါပြီ။ Belviq လို့ခေါ်တဲ့ အဲဒီဆေးဟာ ဦးနှောက်ကို ထိန်းချုပ်ပြီး စားချင်သောက်ချင်စိတ်လျော့နည်းအောင် ဆောင်ရွက်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီဆေးကို လေ့ကျင့်ခန်းနဲ့ အစားအသောက် စနစ်တကျ စားသောက်ခြင်းတို့ နဲ့ ပူးပေါင်းဆောင်ရွက်ရင် ထိရောက်မှုရှိတယ်လို့ အမေရိကန် ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါး ထိန်းချုပ်ကွပ်ကဲရေးက ဆိုပါတယ်။