သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ငှက်အော်စမ်းက အကျဉ်းစံ ငှက်ကလေးတွေ

Image caption ဆိုးသွမ်းလူငယ်တွေကို အပြစ်ပေး လူငယ်တွေနဲ့ အတူထားတဲ့ လူငယ်သင်တန်းကျောင်း

ငှက်အော်စမ်း မှာရှိတဲ့ လူငယ် လေ့ကျင့်ရေး သင်တန်းကျောင်း ဆိုတဲ့ ကလေး အကျဉ်းထောင်မှာ ပြစ်မှုကြောင့် ထောင်ကျခံ နေရသူတွေကို ဆိုးသွမ်း လူငယ်အဖြစ် သတ်မှတ်ပြီး ပို့ခံထားရတဲ့ ကလေးတွေနဲ့ အတူထားတဲ့ နေရာ ဖြစ်ပါတယ်။

အသက် ၁၂ နှစ်ကနေ ၁ဂ နှစ် အတွင်း ရှိတဲ့ အမျိုးသားငယ် လေးတွေကို ထိန်းသိမ်းထားတဲ့ နေရာလည်း ဖြစ်ပါတယ်။

အဲဒီမှာ ကလေး အချင်းချင်း ဘယ်လို ညှင်းပမ်း နှိပ်စက် ခံရပြီး ဘယ်လို နေထိုင် စားသောက် နေကြရလဲ ဆိုတာကို သတင်းထောက် မလေးတယောက်က စုံစမ်း ဖော်ထုတ် တင်ပြထားပါတယ်။