သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရသ ပြတင်း အနုပညာ မြင်ကွင်း

  • 5 ဇူလိုင် 2012

ကော်ဖီစေ့ တွေနဲ့ လုပ်တဲ့ ပန်းချီ

အဲလ် ဗစ် ပရက်စလေ အမှတ်တရ

နောက်ပြီး ဘက်တီးရီးယား ဖက်ရှင်

----------------------------------------------------------

ပုလင်းတွေချည့်ပါပဲ။ တခြား ဘာမှ မပါပါဘူး။ ဂလပ်စ် ဘလပ်စ် ဆီးန်ဂ် ဆိုတဲ့ ဂျာမန် ဂီတ အဖွဲ့ အတွက်တော့ ဒီလောက်ဆိုရင် လုံလောက်ပါပြီ။

အစကတော့ သူတို့ဟာ လမ်းပေါ်မှာ လျှောက်ဖျော်ဖြေခဲ့တာပါ။ ဒါပေမဲ့ ၂၀၀၃ ခုနှစ်က စပြီး သူတို့ဟာ စင်မြင့်တွေပေါ် ရောက်လာတယ်။ ရေဒီယိုထဲ ရုပ်မြင်သံကြားထဲ ကို ရောက်လာပါတယ်။

ပလပ်စတစ် ပုလင်း ဖန်ပုလင်း သက်သက်တွေနဲ့ပဲ ဂန္ထဝင် ဂီတ၊ ပေါ့ပ် ဂီတ၊ ရော့ခ် ဂီတ၊ ရုပ်ရှင် နောက်ခံတီးလုံး အားလုံးကို ဖန်တီးနိုင်ကြသူတွေပါ။

ပစ္စည်းထက် အနုပညာက အရေးကြီးတယ်ဆိုတာ သက်သေပြလိုက်သလိုပါပဲ။

----------------------------------------------------------

ဒီပန်းချီကားတွေကို ဖန်တီးဖို့ ကော်ဖီကြိုက်သူ ဘယ်နှယောက်များ ကော်ဖီ အငတ်ခံရမလဲ မဆိုတတ်ပါဘူး။

ဒီပန်းချီကားကို ကော်ဖီစေ့တသန်းနဲ့ ဖန်တီးထားပါတယ်။ မော်စကိုမြို့တော် ဂေါ်ကီပန်းခြံထဲက မီတာ သုံးဆယ် ပတ်လည် ကျယ်ဝန်းတဲ့ နေရာတခုမှာ ဒီပန်းချီ ကားကို ဖန်တီးထားတာပါ။

ကမ္ဘာမှာ အကြီးဆုံး ကော်ဖီစေ့ ပန်းချီကားလို့ ရုရှားမှာ မှတ်ပုံတင်ထားပါတယ်။ ပန်းချီဆရာ အာ့ခ်ဒီ ကင်မ် နဲ့ သူ့လက်ထောက်တွေဟာ ဒီပန်းချီကားကို နှစ်ပတ်လောက် အချိန်ယူ ဖန်တီးခဲ့ကြပါတယ်။

-------------------------------------------------------------------------------------------------------

'The King' ဘုရင် တဆူ ဆိုတဲ့ ပြပွဲကတော့ ဂီတ ဘိုးအေကြီး အဲလ်ဗစ် ပရက်စ်လေရဲ့ အမှတ်တရ လက်ကျန်ပစ္စည်းတွေကို ခရိုအေးရှား နိုင်ငံ ကမ်းရိုးတန်းမြို့ကလေးဖြစ်တဲ့ စပလစ်တ်မှာ ပြသနေတာ ဖြစ်ပါတယ်။

ပြထားတဲ့ အထဲမှာ ပရက်စ်လေစီးတဲ့ အဝါရောင် ကာဒီလက်ခ် ကားလည်း ပါပါတယ်။ ကားသော့ကို ၁၄ ကာရက် ရွှေနဲ့ လုပ်ထားပါတယ်။ ၁၉၆၈ ခုနှစ်တုန်းက ပရက်စ်လေ တီးခဲ့တဲ့ ဂစ်တာ ပထမဆုံး သီချင်းဆိုခဲ့တဲ့ မိုက်ကရိုဖုန်းတွေလည်း ပါပါတယ်။ ပစ္စည်းတွေဟာ ယူရိုငွေ ၃ သန်းလောက် တန်ပါသတဲ့

---------------------------------------------------------------------------------------------

ဖက်ရှင် အဆန်းအမျိုးမျိုးတီထွင်ကြတာ တော်တော် ခေတ်စားပါတယ်။ ဒါပေမဲ့ ဘက်တီးရီးယား ကို ဖက်ရှင်လုပ်ဝတ်တယ်ဆိုတာကတော့ တဆိတ်လွန်လွန်းသလားလို့။

ဟောဒီ အစ္စရေး လ် ကျောင်းသူကတော့ ဘက်တီးရီးယား မွေးထားတဲ့ ပန်းကန်ပြား တွေကို ဖက်ရှင်လုပ်ဝတ်သတဲ့။ ဘက်တီးရီးယားတွေဟာ နှင်းခဲ၊နှင်းပွင့်တွေ ကျောက်ခက် ကျောက်ပန်းဆွဲတွေလိုပါပဲတဲ့။