သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဇူလိုင် ၉ ရက် တမိနစ် သတင်းဗီဒီယို

  • 9 ဇူလိုင် 2012

မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ လွှတ်တော် အစည်းအဝေးတွေကို ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး တက်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက လွှတ်တော် ကိုယ်စားလှယ် တယောက်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုဖို့ လာရောက်ခဲ့တာ ဖြစ်ပြီး အခု အကြိမ်ဟာ ကိုယ်စားလှယ်တယောက်အဖြစ် လွှတ်တော် စတက်တာ ဖြစ်ပါတယ်။

ဆီးရီးယား ဆိုင်ရာ နိုင်ငံတကာ ကိုယ်စားလှယ် ကိုဖီအာနန်ဟာ ဆီးရီးယားမှာ အကြမ်းဖက်မှုတွေ ရပ်တန့်သွားဖို့ အရေးကို သမ္မတ အာဆတ်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ သူအကြံပြုထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လက်ခံအောင် တိုက်တွန်းနေတာ ဖြစ်ပြီး ကုလသမဂ္ဂ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေ ဆီးရီးယားမှာ ဆက်ထားသွားမယ်လို့လဲ သူက ပြောခဲ့ပါတယ်။

ရုရှားမှာတော့ နိုင်ငံတောင်ပိုင်းမှာ ရေကြီးလို့ လူ ၁၇၀ ကျော်သေဆုံးခဲ့ရပြီးတဲ့နေက် တနိုင်ငံလုံး ဝမ်းနဲ ကြေကွဲတဲ့ နေ့အဖြစ် သတ်မှတ်ထားလိုက်ပါတယ်၊ လူအများစုဟာ အိပ်ပျော်နေတုန်း ရေတက်လာလို့ အိပ်ယာထဲမှာပဲ ရေမွမ်းသေဆုံးခဲ့ရတာပါ၊ ဒီကိစ္စမှာ တာဝန်ရှိသူတွေ အပိုင်းက ပေါ့လျော့မှု ရှိမရှိ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့လဲ သိရပါတယ်။