မိုဘီဂျီနို နဲ့ မိုးမိုး

  • 11 ဇူလိုင် 2012

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Image caption အဆိုတော် မိုးမိုး

မြန်မာ အနုပညာလောကထဲမှာ အဆိုတော်၊ သရုပ်ဆောင်၊ ရေဒီယို ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ၊ နောက်ပြီး အငြိမ့်လူရွင်တော်အဖြစ် အနုပညာလုပ်ငန်းမျိုးစုံကို လုပ်နေတဲ့ လူငယ်အနုပညာရှင်တစ်ဦးနဲ့ တွေ့ဆုံမေးမြန်းထားတာကို တင်ဆက်ပေးထားပါတယ်။

လန်ဒန်နဲ့ ဥရောပနိုင်ငံတချို့မှာ ညီညွတ်ခြင်းနှင်းဆီ အငြိမ့်အဖွဲ့အဖြစ် လာရောက် ကပြနေတဲ့ အဖွဲ့ထဲက အဆိုတော် မိုးမိုးပါ။

ဇူလိုင်လ ၈ ရက် တနင်္ဂနွေနေ့တုန်းက လန်ဒန်မြို့မှာ ပထမပွဲအဖြစ် ကပြခဲ့ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုးမိုးနဲ့ ဘီဘီစီ စတူဒီယိုထဲမှာ ကိုမိုးမြင့်က တွေ့ဆုံ စကား ပြောထားတဲ့ ပထမပိုင်း အစီအစဉ်ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ မြန်မာအဆိုတော်တဦးအနေနဲ့ နိုင်ငံတကာ ဂီတလောကထဲ ရောက်ဖို့ သူ့အိပ်မက်တွေအကြောင်းကို ဆွေးနွေးထားတာ နားဆင်နိုင်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ