သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဇူလိုင် ၁၀ တမိနစ် သတင်းဗီဒီယို

  • 10 ဇူလိုင် 2012

အီဂျစ်မှာ သမ္မတသစ်ရဲ့ အမိန့်နဲ့ ပါလီမန်ကို ဒီကနေ့ ပြန်ကျင်းပခဲ့ပါတယ်၊ အခုလို ပြန်စခဲ့တာဟာ နိုင်ငံကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီရဲ့ အမိန့်ကို အာခံပြီးလုပ်ခဲ့တာပါ၊ စစ်ကောင်စီက အခြေခံဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက် အတိုင်းဆိုပြီး ပါလီမန်ကို ဖျက်သိမ်းထားတာပါ၊ ပါလီမန်ကို ဒီကနေ့ စကျင်းပပြီး ချက်ခြင်းဆိုသလိုပဲ ရပ်နားလိုက်တာဖြစ်ပါတယ်။

သည်ဟိဂ်မြို့မှာရှိတဲ့ နိုင်ငံတကာရာဇဝတ်မှုခုံရုံးက ကွန်ဂို စစ်ခေါင်းဆောင် သောမတ်စ် လူဘန်ဂါကို ကလေးတွေကို စစ်ထဲ အတင်းသွင်းခိုင်းစေခဲ့မှုနဲ့ ထောင်ဒဏ် ၁၄ နှစ် စီရင်ချက်ချလိုက်ပါတယ်။ လူဘန်ဂါဟာ ၂၀၀၂ နဲ့ ၂၀၀၃ ခုနှစ်တွေ အတွင်း အသက် ၁၁ နှစ်ပဲ ရှိသေးတဲ့ ကလေးတွေအပါအဝင် ကလေးတွေကို စစ်ထဲသွင်းခဲ့ပြီး အမျိုးသမီးကလေးတွေကိုလဲ အဓမ္မပြုကျင့်ခဲ့ရာမှာ တာဝန်ရှိသူလို့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ်ဘာရက်ဟာ ရာထူးယူထားတုန်းမှာ မလျော်မကန်ပြုမူမှုတွေ ရှိခဲ့တယ်ဆိုပြီး တရားရုံးတရုံးက စွဲချက်တင်လိုက်ပါတယ်။ သူ ကုန်သွယ်ရေး ဝန်ကြီး ဘဝက မိတ်ဆွေ စီးပွားရေးသမား တယောက်ကို စီးပွားရေး လုပ်ငန်းတွေကို လျော့စျေးနဲ့ လုပ်ကိုင်ခွင့်ပေးခဲ့တယ်လို့ တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါဟာ အစ္စရေးမှာ ပထမဆုံး ဝန်ကြီးချုပ်ဟောင်းတယောက် တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။