သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လူငယ်နဲ့ အရက်သေစာ

  • 10 ဇူလိုင် 2012
Image caption လူငယ်နဲ့ အရက်သေစာ

Society လို့ခေါ်တဲ့ လူမှု၀န်းကျင်နဲ့ပတ်သက်ပြီး လင်းလက်ကြယ်စင်ကနေ ငါးပတ် ဆက်တိုက်တင်ဆက်သွားဖို့ရှိပါတယ်။

ပထမဦးဆုံး အစီအစဉ် အနေနဲ့ မြန်မာ လူငယ်တွေ နဲ့အရက်သေစာ သောက်စားမှုအကြောင်းကို လေ့လာသွားမှာပါ။

လူငယ်တွေဘာကြောင့်အရက် သောက်ကြတာလဲ?

မြန်မာပြည်မှာ အရက်သောက်တဲ့ ဓလေ့စရိုက်အကြောင်းကိုလည်း ဆွေးနွေးတင်ပြသွားပါ့မယ်။

အရက်သေစာ အလွန်အကျွံသောက်လို့အရေးပေါ်ရုံ ရောက်ရတဲ့ လူငယ်တချို့ရဲ့အကြောင်းကိုလည်း နားဆင်ရမှာပါ။

အရက်သေစာ သောက်စားမှုတွေက ဘယ်လိုကောင်းကျိုး ဆိုးကျိုးတွေ ပေးနိုင်သလဲဆိုတာကို လင်းလက်ကြယ်စင်ရဲ့ Facebook စာမျက်နှာဖြစ်တဲ့ www.facebook.com/llksradio မှာ ကိုယ်တိုင် ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

ဒီအစီအစဉ်တွေကို Download လုပ်ပြီး နားထောင်ချင်တယ် ဆိုရင်လည်း www.soundcloud.com/llksradio မှာ တင်ထားပေးပါတယ်။ တခြားသူငယ်ချင်းတွေနဲ့လည်း လွတ်လွတ်လပ်လပ် ဝေမျှနိုင်ပါတယ်။