သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အိုလံပစ် ပြိုင်ပွဲဝင် မြန်မာ လှေလှော် အားကစားသမား

  • 12 ဇူလိုင် 2012

(ဦးဘမော်နဲ့ မရွှေဇင်လတ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ် )

Image caption ဘေဂျင်းအိုလံပစ် ပြိုင်ပွဲမှာ အကြိတ်အနယ်နွှဲနေတဲ့ မရွှေဇင်လတ်

အသက် ၂၅ နှစ်အရွယ် မရွှေဇင်လတ်ဟာ တကယ်တော့ အိုလံပစ် ပြိုင်ပွဲ နဲ့ စိမ်းသူ မဟုတ်ပါဘူး၊ ၂၀၀၈ ဘေဂျင်း အိုလံပစ်တုန်းကလည်းသူ ဝင်ပြိုင်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ အခုလို အဝေးကြီး လန်ဒန် အထိလာပြီး ကမ္ဘာ့ အကျော်အမော်တွေနဲ့ ပြိုင်ရမယ်ဆိုတော့ နဲနဲ တော့ စိတ်လှုပ်ရှားမိတယ်လို့ သူက ဆိုပါတယ်။

မအူပင်ဖက်က ဇာတိသူ ဖြစ်တဲ့ မရွှေဇင်လတ်ဟာ အသက် ၁၆ နှစ် လောက်ကတည်းက လှေလှော်အားကစားကို စိတ်ဝင်စားပြီး လေ့ကျင့်ခဲ့သူပါ။ သူက တဦးချင်းလှော်ရတာက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်နိုင်တဲ့ အတွက် ပို သဘောကျတယ်လို့ ပြောပါတယ်။

သူဟာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လှေလှော်ပွဲတွေ မှာ ရွှေတံဆိပ် ငွေတံဆိပ်တွေရခဲ့ဖူးသူပါ။

အခု လန်ဒန် အိုလံပစ်မှာတော့ မီတာ ၂၀၀၀ တဦးချင်းလှော် ပွဲစဉ်မှာ ဝင်ပြိုင်မှာပါ၊

သူရခဲ့ဖူးတဲ့ အကောင်းဆုံး စံချိန်ကတော့ မီတာ ၂၀၀၀ ကို ၇ မိနစ် ၅၈ စက္ကန့်နဲ့ လှော်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပြိုင်ပွဲမှာတော့ ဆုတံဆိပ်ရအောင် အကောင်းဆုံးလှော်မယ်၊ အနဲဆုံး အရင်က ရှုံးခဲ့ဖူးတဲ့ အသင်းတွေကို နိုင်အောင် လှော်မယ်လို့ စိတ်ပိုင်းဖြတ်ထားကြောင်း မရွှေဇင်လတ်က ဘီဘီစီကို ပြောသွားပါတယ်။

အိုလံပစ် မြားပစ်ပြိုင်ပွဲဝင်မဲ့ နေမျိုးအောင်