သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အိုလံပစ် သတင်းလွှာ

  • 13 ဇူလိုင် 2012

လန်ဒန်အိုလံပစ်ပွဲတော်ကြီး စတင်ဖို့ နှစ်ပတ်ပဲ လိုပါတော့တယ်။

လန်ဒန်ကို လေယာဉ်နဲ့ ဝင်လာသူတွေလဲ ကောင်းကင်က လှမ်းကြည့်ရင် အိုလံပစ် အမှတ်တံဆိပ် စက်ဝိုင်းတွေကို တွေ့ရအောင် ရစ်ချ်မွန် ပန်းခြံထဲမှာ ပုံဖော်ထားပါတယ်။

တရုတ်အိုလံပစ် အသင်းကတော့ ယူကေကို စောစောစီးစီး ရောက်ပြီး အပြင်းအထန်လေ့ကျင့်နေပါပြီ။ တရုတ်အသင်းဟာ ၂၀၀၈ ဘေဂျင်းအိုလံပစ်တုန်းက သူတို့ရခဲ့တဲ့ ဆုတံဆိပ်အရေအတွက်ထက် ပိုများများ ရအောင်ယူမယ်လို့ ပိုင်းဖြတ်ထားကြပုံရပါတယ်။

အာမက် အဗ္ဗဒူကရင်ဟာ ၂၀၀၃ ခုနှစ် သူ့အသက် ၁၁ နှစ်အရွယ်ကစလို့ လက်ဝှေ့ကို စလေ့ကျင့်လာခဲ့တာပါ။ အခုတော့ သူ ဘဝတလျှောက်လုံး အိပ်မက် မက်လာခဲ့တဲ့ အီရတ်ကို ကိုယ်စားပြုလို့ အိုလံပစ် ပြိုင်ပွဲမှာ ဝင်နိုင်တော့မှာပါ၊

ဂျာမနီကို ကိုယ်စားပြု ဝင်ပြိုင်မဲ့ ဒိုင်ဗင်သမား ပက်ထရစ် ဟောက်စဒင်ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ပါ။

သူဟာ ၁၀ မီတာ စည်းချက်ညီ ဒိုင်ဗင်ပြိုင်ပွဲမှာ ဥရောပ ချံပီယံ ၅ ကြိမ် ရထားသူမို့ အိုလံပစ်မှာလဲ ရွှေတံဆိပ် မျှော်လင့်ချက် ရှိနေပါတယ်။