သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သမ္မတ ဦးသိန်းစိန် နဲ့ ကလင်တန် သီးသန့်တွေ့ဆုံ

  • 13 ဇူလိုင် 2012

ကမ္ဘောဒီးယားနိုင်ငံ ဆီယံရိပ် မြို့မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်-အာဆီယံ စီးပွားရေး ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ ဇူလိုင် ၁၃ ရက်နေ့ ညနေက သီးသန့် တနာရီကြာအောင် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံကို မစ္စက် ကလင်တန်သွားခဲ့တုန်းက တခါ တွေ့ခဲ့ဖူးကြပြီး အခုအကြိမ်ဟာ သူတို့ နှစ်ယောက် ဒုတိယအကြိမ် တွေ့ကြတာပါ၊ နှစ်ယောက်သား ရင်းနှီးမှုတွေ ပိုတိုးလာတာ တွေ့ရတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။