သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဇူလိုင် ၁၇ တမိနစ် သတင်းဗီဒီယို

  • 17 ဇူလိုင် 2012

ဆီးရီးယားမြို့တော် ဒမတ်စကပ်အနား တဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး လက်နက်ကြီးတွေနဲ့ ပစ်နေကြသလို စစ်တပ်ဖက်က နေရာယူထားတာတွေလဲ တွေ့နေရတယ်လို့ မျက်မြင် တွေက ဆိုပါတယ်။ နိုင်ငံရဲ့ တခြားဒေသတွေမှာလဲ တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ နိုင်ငံတကာ သံတမန် ကိုဖီအာနန်ကတော့ ဆီးရီးယားကို ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေလုပ်ဖို့ အရေးကို ထောက်ခံဖို့ ရုရှားကို တိုက်တွန်းဖို့ ပြင်ဆင်နေပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်လေဆိပ်မှာ ပုံးတွေနဲ့ ထည့်ပြီးတင်ဆောင်လာတဲ့ ဆင်စွယ် တန် တဝက်လောက်ကို အကောက်ခွန်အရာရှိတွေ သိမ်းဆည်းမိလိုက်ပါတယ်။ ဒီ ပုံးတွေကို ကင်ညာက ပို့လာတာ ဖြစ်ပြီး ပုံးတွေ ပေါ်မှာတော့ လက်မှု ပစ္စည်းတွေလို့ စာတန်းတွေထိုးထားပါတယ်။ တကယ်တော့ ဆင်တွေကို တရားမဝင် သတ်နေမှုက ကာကွယ်ရအောင် ဆင်စွယ်အရောင်းအဝယ်လုပ်မှုကို နိုင်ငံတကာဥပဒေတွေက တားမြစ်ထားပါတယ်။

သြစတေးလျနိုင်ငံ အနောက်မြောက်ဖက် ကမ်းလွန်မှာ တူးဖော်ထုတ်လုပ်ဖို့ လုပ်နေတဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းဟာ အဲဒီ ဒေသမှာ ကျက်စားတဲ့ humpback ဝေလငါးတွေ မျိုးပြုန်းကုန်မဲ့ အန္တရာယ်ရှိနေတယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက သတိပေးနေပါတယ်။ ဆိပ်ကမ်းတခုဆောက်လုပ်ပြီး သင်္ဘောတွေ အသွားအလာများလာရင် ဝေလငါးတွေ သားပေါက်ရာ စားကျက်တွေ ပျက်စီးကုန်မယ်လို့ သူတို့က ထောက်ပြနေကြပါတယ်။