သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာပြည်က လမ်းပေါ်ရောက် ကလေးတွေ

  • 26 ဇူလိုင် 2012

ဆင်းရဲနွမ်းပါးမှုတွေ များနေသေးတဲ့ မြန်မာပြည်မှာ ကလေးတွေ ကိုယ်တိုင်က လမ်းပေါ်ထွက်ပြီး တဖက်တလမ်းက ဝင်ငွေရှာပြီး မိသားစု စားဝတ်နေရေးကို ထောက်ပံ့နေကြရပါတယ်၊

ကျောင်းနေတဲ့ အရွယ်မနေနိုင်ပဲ လမ်းတွေပေါ် ရောက်နေရတဲ့ ကလေးတွေ အတွက် လမ်းတွေ ပေါ်မှာ အန္တရာယ်တွေလဲ ရှိနေပါတယ်၊

ဒီလို ကလေးတွေကို တနေ့တာ နေ့ခင်းမှာပဲ ဖြစ်ဖြစ် လမ်းတွေပေါ်က ဖယ်ခွာပြီး နားခိုရာ၊ ပညာရှာရာ ဌာနလေးတွေလဲ ပရဟိတ အဖွဲ့တွေက ဖွင့်ပေးလာကြတာ တွေ့ရပါတယ်။

အခုလို မြန်မာနိုင်ငံက ပွင့်လင်းစ ပြုလာတဲ့ အချိန်မှာ အပြင်က ဝင်လာမဲ့ အန္တရာယ်တွေ၊ လူကုန်ကူးမှုတွေကိုလဲ သတိထားသင့်တဲ့ အကြောင်း ကလေးသူငယ်များဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ကြီးကလဲ သတိပေးနေပါတယ်၊

ပြီးတော့ ရေရှည်အတွက် စီမံကိန်းချပြီး ကလေးတွေရဲ့ အနာဂါတ်အတွက် စဉ်းစားသင့်တယ်လို့ အကြံပြုထားပါတယ်။ (Reuters TV)