သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အိုလံပစ် သတင်းဗီဒီယို

  • 20 ဇူလိုင် 2012

လန်ဒန် အိုလံပစ်ပွဲတော်ကြီး စတင်ဖို့ တပတ်ပဲ လိုပါတော့တယ်။

နှစ်ပေါင်းများစွာ ပြင်ဆင်လေ့ကျင့်မှုတွေ၊ ကြိုတင် စီစဉ်မှုတွေလုပ်ခဲ့ပြီးတဲ့နောက် လန်ဒန်ဟာ အိုလံပစ် ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မှာပါ၊

အီဂျစ် ဂျွမ်းဘားအသင်းကတော့ အိုလံပစ်မှာ လာပြိုင်ရတဲ့ အတွက် နောက်တွန့်မဲ့ ပုံမရှိပါဘူး၊

ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြတဲ့ ဒီ လေးယောက်သော ဂျွမ်းဘားမောင် မယ်တွေဟာ ကမ္ဘာ့ စင်မြင့်မှာ သူတို့လဲ တရုတ်နဲ့ ရုရှားကို ယှဉ်နိုင်ပါကြောင်း ပြသဖို့ စိတ်အားသန်နေကြပါတယ်။

BMX စက်ဘီးပြိုင်ပွဲဟာ အိုလံပစ်ပြိုင်ပွဲတွေထဲမှာ အားကစားနည်းတခု အဖြစ်ပါလာတာ အခုမှ ဒုတိယအကြိမ်ဖြစ်ပေမဲ့ ပြိုင်ပွဲဝင်တွေကတော့ အကြိတ်အနယ်ရှိမဲ့ ပွဲစဉ်တခုလို့ မျှောမှန်းထားကြပါတယ်၊ ဂျာမနီအသင်းက ပြိုင်ကြမဲ့ လူးဝစ် ဘရက်ဟောင်ဝါ နဲ့ မိုက်ဘိုင်ယာတို့တော့ ဆုတံဆိပ် တခုခု ဆွတ်ခူးပြီး သမိုင်းထဲမှာ မှတ်တမ်းဝင်ခဲ့ကြချင်နေပါတယ်။

မသန်စွမ်းသူများ အိုလံပစ်မှာ ဘီးတပ်အပြေး ဝင်ပြိုင်မဲ့ အယ်လ်ဆာဗေးဒိုးက လူဝစ် မိုရာလက်စ်ဟာ မနက်တိုင်း လေးမိုင်ခရီးကို အပြေးနှင်လို့ လေ့ကျင့်ကွင်းကို သွားတတ်ပါတယ်။ ပြီးခဲ့တဲ့ ဘေဂျင်းအိုလံပစ်မှာတုန်းကတော့ သူ ကျန်းမာရေးကြောင့် ဝင်မပြိုင်နိုင်ခဲ့ပါဘူး၊ အခုတော့ သူ့အိမ်မက်တွေ လန်ဒန် အိုလံပစ်မှာ အကောင်အထည် ပေါ်လာနိုင်တော့မှာပါ။