သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဇူလိုင် ၂၃ တမိနစ် သတင်းဗီဒီယို

  • 23 ဇူလိုင် 2012

ဇူလိုင် ၂၃ ရက် တနင်္လာနေ့က အီရတ်နိုင်ငံ နေရာအနှံ့မှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်လို့ လူ ၉၀ ကျော်သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်၊ ရဲ ကင်း ဂိတ်တွေကိုလဲ ကားဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး စစ်စခန်းတွေလဲ မော်တာ အမြောက်တွေနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်၊ မြို့တော် ဘက္ကဒက် တဝိုက်မှာလဲ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ် ဒင်ဗာမြို့မှာ သောကြာနေ့က ရုပ်ရှင်ရုံထဲမှာ သေနတ်သမားက ပစ်ခတ်လို့ သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းအမှတ်ရခြင်း အခမ်းအနားတွေ လုပ်ခဲ့ပါတယ်၊ သေဆုံးခဲ့ရသူတွေရဲ့ နာမည်တွေကို တဦးချင်း ခေါ်ပြီး အမှ်တရကြောင်းပြောတဲ့ အချိန်မှာ လူတွေက ထိခိုက်ကြေကွဲနေခဲ့ကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကမ္ဘာ့ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ WWF က တရုတ်၊ ဗီယက်နမ်နဲ့ ထိုင်းတို့ဟာ ရှားပါး တိရိစ္ဆာန် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ တရားမဝင် ရောင်းဝယ်နေမှုမှာ အဆိုးဆုံး ဖောက်ဖျက်ကျူးလွန်နေကြသူတွေ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်၊ တရုတ်ကို ကြံချို ရောင်းဝယ်မှုတွေ တားမြစ်ဖို့ လုပ်လာတဲ့ အတွက် ချီးကျူးပေမဲ့ ဆင်စွယ်ရောင်းဝယ်မှုတွေကို တော့ တားမြစ်ဖို့ အားနဲနေသေးတယ်လို့ WWF အစီရင်ခံစာက ဆိုပါတယ်။