သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သမ္မတဦးသိန်းစိန်ရဲ့ ထိုင်းခရီးစဉ်

  • 23 ဇူလိုင် 2012

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဇူလိုင် ၂၃ ရက်နေ့မှာ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံ သဘောတူစာချုပ်တွေလည်း ချုပ်ဆိုခဲ့ပါတယ်။

သမ္မတနဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံက ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ဆက်သွယ်ဖို့ စီစဉ်ထားတဲ့ ဘန်ကောက်မြို့ တောင်ပိုင်း ကီလိုမီတာ ၁၀၀ လောက်မှာ ရှိတဲ့ ချောင်ဘူရီ ပြည်နယ်က လမ်မ်ချာဘန် ရေနက်ဆိပ်ကမ်းကို လည်း သွားရောက်ခဲ့ပါတယ်။ သမ္မတနဲ့ အတူ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးတွေလည်း ထိုင်းခရီးစဉ်ကို လိုက်ပါသွားကြပါတယ်။