သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဇူလိုင် ၂၄၊ တမိနစ် သတင်းဗီဒီယို

  • 24 ဇူလိုင် 2012

ဗြိတိန်နိုင်ငံမှာ ပိတ်ပင်လိုက်ပြီဖြစ်တဲ့ the news of the world သတင်းစာတိုက် ကနေ အများပြည်သူတွေရဲ့ လက်ကိုင်ဖုန်းတွေကို ဟက်ခ်လုပ်ကာ အချက်အလက်တွေကို ခိုးယူခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ပြန်ကြားရေး အရာရှိဟောင်း အန်ဒရူး ကူဆင် ကို စွဲချက်တင်မှာ ဖြစ်တယ်လို့ ဗြိတိန် အစိုးရ ရှေ့နေတွေက ကြေညာ ပြောဆို လိုက်ပါတယ်။ အဲဒီ သတင်းစာတိုက် အမှုဆောင်ချုပ် ရေဘက်ကာ ဘရွတ်ခ်စ် ကိုလည်း စွဲချက်တင်မှာ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံ မှာတော့ အစိုးရ တပ်ဖွဲ့တွေဟာ သူတို့ လက်လွှတ်လိုက် ရတဲ့ မြို့ကြီးတွေက နယ်မြေတွေကို ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားနေရာမှာ၊ တိုက်ပွဲတွေ ပြင်းထန်လာ နေပါတယ်။ အလက်ပိုနဲ့ ဟုမ်းစ် မြို့တွေမှ အစိုးရကို ပုန်ကန်မှုတွေ ရှိခဲ့ပြီး၊ အကျဉ်းထောင် ဖေါက်ဖို့ ကြိုးပမ်းမှုတွေလည်း ရှိခဲ့ပါတယ်။ အစိုးရ အနေနဲ့ ဓာတု လက်နက်တွေ ထုတ်သုံး နိုင်တယ်ဆိုပြီး၊ နိုင်ငံတကာ ကနေ အထူး စိုးရိမ်မှုတွေ ဖြစ်နေတဲ့ အချိန်မှာပဲ တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

ကျားမျိုးတွေ အဓိကရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ တောရိုင်း ဒေသတွေမှာ ကမ္ဘာ့လှည့် ခရီးသွား လုပ်ငန်းတွေ မလုပ်ဖို့ ပိတ်ပင်တဲ့ ဥပေဒ တခုကို အိန္ဒိယ ဗဟိုတရား ရုံးချုပ် ကနေ ထုတ်ပြန် လိုက်ပြီ ဖြစ်ပါတယ်။ တောတောင်တွေထဲ ကျက်စားနေတဲ့ ကမ္ဘာပေါ်က ကျားအရေ အတွက် တဝက်လောက်ဟာ အိန္ဒိယနိုင်ငံမှာ ရှိနေကြတာ ဖြစ်ပါတယ်။