သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လက်မထပ်ပဲ အတူနေမှု

  • 28 ဇူလိုင် 2012
Image caption မြန်မာလူငယ်တွေကြားမှာ လက်မထပ်ရသေးပဲ လင်မယားလို အတူနေထိုင်မှုတွေက အရင်ကထက်ပို ခေတ်စားလာတယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်မှာ မကြားဝံ့ မနာသာ ဖြစ်ကောင်းဖြစ်နိုင်တဲ့ စကားလုံးတွေ ပါဝင်နိုင်တယ်ဆိုတာကို ကြိုတင် အသိပေးအပ်ပါတယ်။

မြန်မာ မီဒီယာတွေကြားမှာ သိပ်ပြောလေ့ပြောထ မရှိတဲ့ အကြောင်းအရာတခုကို တင်ဆက်ပေးမှာပါ။

အဲဒါကတော့ လူငယ်အတွဲတွေ လက်မထပ်ပဲ အတူနေတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး လင်းလက်ကြယ်စင်ကနေ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

မြန်မာလူငယ်တွေက ဒီကိစ္စအပေါ် ဘယ်လိုမြင်ကြပါသလဲ?

လူငယ်တွေကြားမှာ ဒီကိစ္စ တွေ ဘယ်ကြောင့် ခေတ်စားလာတာလဲ?

လူငယ်တွေအကြားမှာ လက်မထပ်သေးပဲ လင်မယားလို အတူနေတဲ့ ကိစ္စတွေကို လူငယ်တွေက ဘယ်လို စဉ်းစားနေကြပါသလဲ?

ဒီအကြောင်းတွေကို လင်းလက်ကြယ်စင်က တင်ဆက်ထားပေးပါတယ်။

ကိုယ်တိုင်ပါ၀င် ဆွေးနွေးချင်တယ် ဆိုရင်တော့ လင်းလက်ကြယ်စင်ရဲ့ Facebook စာမျက်နှာ www.facebook.com/llksradio မှာ ၀င်ရောက်ဆွေးနွေးနိုင်သလို www.soundcloud.com/llksradio မှာလည်း Download လုပ်ပြီး Smart Phones တွေကနေ နားဆင်နိုင်ပါတယ်။