သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဇူလိုင် ၃၀ တမိနစ် ဗီဒီယို သတင်း

  • 30 ဇူလိုင် 2012

ဆီးရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ အလက်ပိုမှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း အစိုးရနဲ့ အတိုက်အခံကြား အကြီးအကျယ် တိုက်ပွဲတွေ ဖြစ်ခဲ့လို့ ပြည်သူ နှစ်သိန်းလောက် ထွက်ပြေးကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အစိုးရ တပ်တွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာမို့ ပြည်သူတွေမှာ စိုးထိတ်နေကြရတယ်လို့ ကုလအရာရှိကြီးတဦးက ပြောပါတယ်။

ရုရှနိုင်ငံမြို့တော် မော်စကိုက နာမည်ကျော် ဘုရားရှိခိုးကျောင်းတခုထဲမှာ ရုရှသမ္မတ ပူတင်ကို ဆန့်ကျင်သီချင်းဆိုခဲ့တဲ့ ရုရှရဲ့ ပန့်ခ်ရော့ခ် ဂီတအဖွဲ့ Pussy Riot က အဖွဲ့သား သုံးဦးရဲ့ အမှုကို စတင်လိုက်ပါတယ်။ သူတို့ကို ဆိုးသွမ်းမှုနဲ့ စွဲဆိုထားပြီး ရုရှတချို့ကတော့ အခုလို တရားစွဲဆိုတာ မလုပ်သင့်ပါဘူးလို့ ပြောသလို ဘာသာတရား ကိုင်းရှိုင်းသူတွေကတော့ ဂီတအဖွဲ့ကို ပြစ်တင်ကြ ပါတယ်။

ယူရိုငွေကြေးသုံးစွဲနိုင်ငံများအုပ်စု ဥက္ကဌ ယန်း ကလော်ဒီ ယန်ကာ က ယူရိုငွေကြေး ခိုင်မာဖို့အတွက် ဆုံးဖြတ်ခိုင်ခိုင်မာမာ ချမှတ်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ဥရောပဗဟိုဘဏ်ရဲ့ အကူအညီနဲ့ ဥရောပငွေကြေး စိုက်ထည့်မှုနဲ့ စပိန်နိုင်ငံရဲ့ ငွေချေးယူမှု ကုန်ကျစရိတ်ကို လျော့ချသွားမယ်လို့ သူက အင်တာဗျူးတခုမှာ ပြောလိုက်ပါတယ်။