သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရွေးကောက်တင်မြှောက်ပုံစနစ် ပြောင်းမလား

Image caption ကိုယ်စားလှယ်ရွေးချယ်တဲ့ ရွေးကောက်တင်မြှောက်ပုံစနစ် ပြောင်းဖို့လိုသလား၊ ပြောင်းကြမလား။

မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေမှာ ရွေးကောက်တင်မြှောက်ပုံစနစ် ပြောင်းဖို့ လိုမလိုကို နိုင်ငံရေးသမားတွေက စတင် စဉ်းစားနေကြပါပြီ။ လက်ရှိ ရွေးကောက်ပွဲ စနစ်လို မဲဆန္ဒနယ် တခုချင်းအလိုက် မဲအများစု နိုင်သူကိုပဲ လူထု ကိုယ်စားပြုခွင့် ပေးမလား၊ ဒါမှမဟုတ် ပါတီတွေ ရတဲ့ စုစုပေါင်း မဲအရေအတွက်ကို လိုက်ပြီး လွှတ်တော်တွင်း အမတ်နေရာ အချိုးကျ ခွဲဝေယူတဲ့ စနစ်ကို ပြောင်းကြမလား။

သောတရှင်တွေနဲ့အတူ အချိုးကျကိုယ်စားပြု ရွေးကောက်ပုံစနစ်ကို စာတမ်းရေး အကြံပြုထားတဲ့ ဒီမိုကရေစီမိတ်ဆွေ ပါတီများ အဖွဲ့က ပါတီတခု ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ ဥက္ကဌ ဒေါက်တာသန်းငြိမ်းနဲ့ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းတွေကို ပို့ချပေးနေတဲ့ ပြည်ပအခြေစိုက် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးတို့က ပင်တိုင်ဆွေးနွေးသူတွေအဖြစ် ပါဝင် ဆွေးနွေး ပေးထားပါတယ်။