သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သြဂုတ် ၁ ရက် ဗီဒီယို သတင်းလွှာ

  • 1 ဩဂုတ် 2012

အမျိုးသမီး ကြက်တောင်ရိုက်သမား ရှစ်ယောက်ကို ပြိုင်ပွဲမှာ တကယ် အားကုန်စိုက် ထုတ် မရိုက်ခဲ့ဘူးလို့ စွဲဆို အရေးယူလိုက်ပါတယ်။ တောင်ကိုရီးယားကနှစ်သင်း တရုတ်က တသင်း အင်ဒိုနီးရှားကတသင်း လေးသင်းဖြစ်ပြီး နှစ်ယောက်တွဲ အသင်းတွေဖြစ်တဲ့ အတွက် စုစုပေါင်း ၈ ယောက်ဖြစ်ပါတယ်။ သူတို့ဟာ ရှုံးရင် နောက်ပြိုင်ပွဲမှာ ပိုပြီးလွယ်တဲ့အသင်းနဲ့ ယှဉ်ရမှာ ဖြစ်တဲ့အတွက် လျော့ရိုက်ခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူ အဖွဲ့ hrw က မြန်မာအစိုးရဟာ လူမျိုးရေး အဓိကရုဏ်းအတွင်းမှာ မူဆလင် လူနည်းစုကို အကြမ်းဖက်နှိမ်နင်းခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ ဇွန်လ အရေးအခင်းတွေထဲမှာ လုံခြုံရေး တပ်ဖွဲ့တွဗဟာ လူသတ်မှု၊ မုဒိန်းမှု၊ လူအများအပြား ဖမ်းဆီးမှုတွဗကို လုပ်ခဲ့တယ်လို့ သူတို့က စွပ်စွဲထားပါတယ်။

အနောက်အာဖရိက ဆာဟဲလ် ဒေသ က မိသားစု သန်းပေါင်းများစွာဟာ စားနပ်ရိက္ခာ ပြသနာကို အမြဲလိုလို ရင်ဆိုင်နေရတယ်လို့ အဓိက ပရဟိတ အဖွဲ့ကြီး နှစ်ဖွဲ့က ပြောလိုက်ပါတယ်။ world vision, Save the children အဖွဲ့တို့က အဲဒီဒေသက ကလေးငယ် တသန်းလောက်ဟာ ဆိုးဆိုးဝါးဝါး အဟာရချို့တဲ့မယ့် အန္တရာယ်ကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။