သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သြဂုတ် ၂ ရက် နိုင်ငံတကာသတင်းဗီဒီယို

  • 2 ဩဂုတ် 2012

အာဖရိကတိုက် ခုနှစ်နိုင်ငံ ခရီးလှည့်လည်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဆီနီဂေါမြို့မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ အာဖရိက ပြည်သူ အများကြီးဟာ လူထုအကျိုးအတွက်ထက်စာရင် ကိုယ့်အာဏာ အတွက်ပဲ ကိုယ်သိတဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်မှုအောက်ရောက်နေတုန်းပဲ လို့ ပြောလိုက်ပါတယ်။ စစ်တပ်က အာဏာသိမ်းထားတဲ့ မာလီကိုလဲ အရပ်ဖက်အုပ်ချုပ်ရေးဖက် မပြောင်းရင် အကူအညီပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဆီးရီးယားမြို့တော် ဒမတ်စကပ်မှာ အစိုးရ တပ်တွေက လူ ၇၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်ဆိုပြီး အတိုက်အခံတွေက စွပ်စွဲထားပါတယ်၊ တဖက်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အလက်ပိုမြို့မှာ သူပုန်တွေက သူတို့ ဖမ်းမိထားတဲ့ အစိုးရ ထောက်ခံသူ လက်နက်ကိုင်တွေကို ပစ်သတ်နေတဲ့ ဗီဒီယို ပြကွက်တွေကို အင်တာနက်ပေါ်မှာ တင်ထားတာတွေ့ရပါတယ်။

အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်က အဓိက နေရာတွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ စစ်သွေးကြွ ငါးယောက်ကို သုတ်သင်လိုက်နိုင်တယ်လို့ အာဖဂန်လုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။ ဒီလူတွေ ခိုလှုံနေတဲ့ မြို့အရှေ့ပိုင်းက အိမ်တခုမှာ လုံခြုံရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တုန်း သေဆုံးသွားတာလို့ ဆိုပါတယ်၊ အိမ်နားမှာ လက်နက်တွေ၊ အသေခံ ဗုံးခွဲ ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်ထားတဲ့ ကားတွေလဲ တွေ့ရတယ်လို့ ဆိုပါတယ်။