BBC navigation

မိုဘီဂျီနိုနဲ့ အိုင်စီရော့ခ်ကာများ

နောက်ဆုံး ရေးသားချိန် 8 သြဂုတ်လ 2012 - 18:46 GMT

မိုဘီဂျီနိုနဲ့ အိုင်စီရော့ခ်ကာများ

အိုင်စီ ရော့ခ်ကာများ

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

Y Wyne, Y Wine, Wine Wine

အဆိုတော် ဝိုင်ဝိုင်း

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Myo Gyi

အဆိုတော် မျိုးကြီး

ဒီတပတ်မှာတော့ မြန်မာ့ ရော့ခ်ကာကြီး တချို့ရဲ့ သူတို့ ခံစားမိတဲ့ သီချင်းတွေ၊ ဖန်တီးသူ အကြိုက်၊ သီဆိုသူ အကြိုက် သီချင်းတွေ အကြောင်း တင်ဆက် ပေးထားပါတယ်။

Lay Phyu

ရော့ခ်ကာကြီး လေးဖြူ

ဇူလိုင်လအတွင်းက လန်ဒန်မြို့မှာ အိုင်စီလို့ လူငယ်တွေ သိကြတဲ့ Iron Cross တေးဂီတအဖွဲ့ လာရောက် ဖျော်ဖြေ ခဲ့ပါတယ်။ အဲဒီထဲမှာ IC ရဲ့ ပင်တိုင် အဆိုတော်တွေ ဖြစ်ကြတဲ့ လေးဖြူ၊ မျိုးကြီး ၊ အငဲ ၊ ဝိုင်ဝိုင်းတို့ ပါဝင် ပါတယ်။

ဒီရော့ခ်ကာကြီးတွေရဲ့ ရင်ထဲက တေးတချို့ အကြောင်း မိုဘီဂျီနို ပရိတ်သတ် တွေနဲ့ ဝေမျှ နိုင်ဖို့ သူတို့ရဲ့ ဖျော်ဖြေပွဲ အတွင်း ကိုမိုးမြင့်က သွားရောက် မေးမြန်းပြီး တင်ဆက် ပေးထားပါတယ်။

Ah Nge

သီချင်းလည်း ရေး သီချင်းလည်းဆိုတဲ့ အငဲ

ဒီအစီအစဉ်ထဲမှာ

ဝိုင်ဝိုင်း အကြိုက်ဆုံး သီချင်းက ဘာလဲ။

မျိုးကြီး အတွက် ဆိုရတာ ဘယ်သီချင်းက အားအရဆုံးလဲ။

ကိုလေးဖြူ လတ်တလော အာရုံညွှတ်မိတယ်ဆိုတဲ့ သီချင်းက ဘာလဲ။

ကိုအငဲ ရေးသား သီဆိုတဲ့ သီချင်းတွေထဲမှာ ဘဝရဲ့ အပျော်ဆုံးအချိန်ကို လွမ်းထားတဲ့ သီချင်းက ဘာလဲ။

စတာတွေကို ဒီအစီအစဉ်မှာ နားဆင်နိုင်ပါတယ်။

အိုင်စီ ရော့ခ်ကာများ လန်ဒန်မှာ ဖျော်ဖြေစဉ်

  • Iron Cross
    အဆိုတော် လေးဖြူနဲ့ အိုင်စီအဖွဲ့ ဇူလိုင်လအတွင်းက လန်ဒန်မှာ ဖျော်ဖြေစဉ်
  • Iron Cross
    ကိုလေးဖြူ
  • Iron Cross
    အဆိုတင်မက သီချင်းရေးပါ ကောင်းတဲ့ အငဲ
  • Iron Cross
    အဆိုတော် ဝိုင်ဝိုင်း
  • Iron Cross
    အလွမ်းသီချင်းတွေ အများကြီး ဆိုတဲ့ ဝိုင်ဝိုင်း
  • Iron Cross
    အဆိုတော် မျိုးကြီး
  • Iron Cross
    မျိုးကြီးနဲ့ အိုင်စီအဖွဲ့
  • Iron Cross
    မြန်မာပြည်မှာ အတော်ဆုံး ဂစ်တာသမားလို့ ဆိုကြတဲ့ ချစ်စမ်းမောင်

နောက်တင်ဆက်မယ့် မိုဘီ ဂျီနို အစီအစဉ်မှာလည်း အိုင်စီ အဆိုတော်ကြီးတွေကို သူတို့သီချင်းတွေအပြင် သူတို့ ခံစားမိတဲ့ တခြားအဆိုတော်တွေရဲ့ သီချင်းတွေ အကြောင်းကိုလည်း မေးမြန်းထားတာမို့ စောင့်မျှော် နားဆင် နိုင်ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။