သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သြဂုတ် ၁၄ တမိနစ် သတင်းဗီဒီယို

  • 14 ဩဂုတ် 2012

ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး အကြီးအကဲ ဗယ်လာရီ အေမို့စ် ဆီးရီးယားနိုင်ငံကို ရောက်လာပါတယ်၊ အစိုးရနဲ့ သူပုန်တပ်တွေ တိုက်ပွဲ အကြား ပိတ်မိနေတဲ့ အရပ်သားတွေဆီ ကယ်ဆယ်ရေး ပစ္စည်းတွေ ရောက်ဖို့ သူ ကြိုးစားပေးမှာ ဖြစ်ပါတယ်။ အခုအထိ ပဋိပက္ခတွေကြောင့် အရပ်သား တသန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီ ဖြစ်ပါတယ်။

ဆိုမာလီယာမှာ အာဖရိက သမဂ္ဂရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်တွေနဲ့ သွားပေါင်းဖို့ အသွား ပျောက်နေတဲ့ ယူဂန်ဒါ စစ်ရဟတ်ယာဉ်နှစ်စီးရဲ့ အပျက်အစီးတွေကို ကင်ညာနိုင်ငံထဲမှာ ရှာတွေ့ခဲ့ပါပြီ၊ မောင့်ကင်ညာတောင်တန်းမှာ ရဟတ်ယာဉ် အပျက်အစီးတွေကို တွေ့ခဲ့ရတာဖြစ်ပြီး ရဟတ်ယာဉ်တွေပေါ် ပါလာသူတွေရဲ့ ကံကြမ္မာကိုတော့ မသိရသေးဘူးလို့ ကင်ညာ စစ်တပ်က ပြောပါတယ်။

တရုတ်မှာတော့ နှစ်ပေါင်းများစွာ လူတွေကို လုယက်တိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့တဲ့ ဓါးပြတယောက်ကို ရဲ က ပစ်ခတ်ပြီး အသေဖမ်းမိခဲ့ပါတယ်။ ဂျူကေဟွာ ကို တရုတ်ပြည် အနောက်တောင်ပိုင်း ချုံချင်းမှာ ဖမ်းမိခဲ့တာ ဖြစ်ပြီး သူဟာ အင်မတန် ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာ ကောင်းတဲ့ လူတဦးလို့ ရဲက ပြောပါတယ်။ သူဟာ အရင်က ရဲက ဖမ်းဖို့ ကြိုးပမ်းတာကို အကြိမ်ကြိမ် ရှောင်တိမ်းနေနိုင်ခဲ့ပါတယ်။