သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒီခေတ်မှာ ပုဒ်မ ၅ ည ရှိသင့်သေးသလား

  • 15 ဩဂုတ် 2012
Image caption သံသယဖြစ်တိုင်း ဖမ်းနိုင်တဲ့ ပုဒ်မ ၅ ည ဖျက်ချိန်တန်ပြီလား

အစိုးရက သံသယရှိသူ ဘယ်သူ့ကိုမဆို ဖမ်းဆီး အရေးယူခွင့် ပေးထားတဲ့ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ ည ကို ပယ်ဖျက်ပေးဖို့ လွှတ်တော်မှာ ဆွေးနွေးနေကြပါပြီ။ ဒီဥပဒေ ပုဒ်မ ၅ ည ဟာ ဒီမိုကရေစီခေတ်ကို ကူးပြောင်းနေတဲ့ ဒီနေ့အချိန်မှာ ဆက်ပြီး ရှိသင့်ပါရဲ့လား။ ပုဒ်မ ၅ ညနဲ့ ၅ င တို့ကို ဖြုတ်ပယ်ဖြစ်လို့ လွှတ်တော်မှာ ဒုတိယအကြိမ်မြောက် ကြိုးပမ်းမှုအဖြစ် ဥပေဒကြမ်း တင်သွင်းခဲ့တဲ့ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်အမတ်နဲ့ တရားလွှတ်တော် ရှေ့နေကြီး ဦးသိန်းညွန့်နဲ့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း မြန်မာနိုင်ငံရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုပြုံးချို၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်နဲ့ ကိုယ်တွေ့ ကြုံသူတွေက ပါဝင် ဆွေးနွေးထားပါတယ်။