သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သြဂုတ် ၁၆ တမိနစ် သတင်း ဗီဒီယို

  • 16 ဩဂုတ် 2012

လန်ဒန်က အီကွေဒေါသံရုံးက ခိုလှုံနေတဲ့ အစိုးရအတွင်းရေးတွေကို ဖောက်ချခဲ့တဲ့ ဝီကီလိခ် ဝက်ဘ်ဆိုက် တည်ထောင်သူ ဂျူလီယံ အဆော့ချ်ကို လွှဲပြောင်းပေးဖို့ ဗြိတိန်အစိုးရက ဖိအားတွေ တိုးပေးနေလို့ အီကွေဒေါ နိုင်ငံခြားရေး ဝန်ကြီးက နိုင်ငံတကာ သဘောတူညီချက်တွေကို ခြိမ်းခြောက်တဲ့ အရှက်မဲ့လုပ်ရပ်လို့ ပြောပါတယ်။

စက်သေနတ်နဲ့ လက်ပစ်ဗုံးတွေကိုင်ဆောင်ထားတဲ့ လက်နက်ကိုင်တွေက အစ္စလာမ်မာဘတ်နား အဓိကလေတပ် အခြေစိုက် စခန်းတခုကို တိုက်ခိုက်လာတယ်လို့ ပါကစ္စတန်စစ်တပ်က ပြောပါတယ်။

အီရတ်မှာ အတွဲလိုက်ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၂၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားပါတယ်။ အယ်လ်ကိုင်ဒါးကတော့ တိုက်ခိုက်မှုတွေကို သူတို့လုပ်တာလို့ ပြောသလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အဓိက ပစ်မှတ်ထားခဲ့ပုံလည်း ရပါတယ်။