BBC navigation

ရော်ဘင် ဗန်ပါစီ မန်ယူကို ရောက်လာပြီ

နောက်ဆုံး ရေးသားချိန် 17 သြဂုတ်လ 2012 - 19:50 GMT

ဗန်ပါစီ မန်ယူကို ရောက်ပြီ

  • Van Persie
    ဒီနှစ် ပရီးမီးယားလိခ် ပွဲတွေ မစခင်ကလေးမှာပဲ အာဆင်နယ် အသင်းကပ္ပတိန် ဗန်ပါစီ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီ ဖြစ်ပါတယ်။
  • Van Persie
    ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂိုးအများဆုံး သွင်းခဲ့သူ ဗန်ပါစီကို မန်ယူက စတာလင်ပေါင် ၂၄ သန်းပေးပြီး လေးနှစ် စာချုပ်ချုပ်ဆို ခေါ်ယူခဲ့တာပါ။
  • Van Persie
    ဗန်ပါစီက မန်ယူကို ရောက်လာရတဲ့ အတွက် ဂုဏ်ယူကြောင်း ပြောပါတယ်၊ မန်နေဂျာ အဲလက်ဖာဂူဆန်ကလည်း အာဆင်နယ် မန်နေဂျာ အာဆင်းဗင်းဂါးနဲ့ အကြိတ်အနယ် ညှိခဲ့ရတယ်လို့ ဆိုပါတယ်။
  • Van Persie
    ဗန်ပါစီဟာ အာဆင်နယ် ကပ္ပတိန် အဖြစ်နဲ့လဲ မန်ယူဖက်ကို ဂိုးတွေ သွင်းခဲ့သူပါ၊ ဒီနှစ် ဇန္နဝါရိလမှာ တွေ့ကြတုန်းက အခုလို ဗန်ပါစီက အဖွင့်ဂိုးကို သွင်းယူခဲ့ပါတယ်။
  • Van Persie
    တယောက်က အဝင် တယောက်ကအထွက်၊ သြဂုတ်လ ၁၂ ရက်နေ့က အာဆင်နယ် ဂျာမနီမှာ ကိုလုံးအသင်းနဲ့ ခြေစမ်းတုန်းက ဒီနှစ်မှ အာဆင်နယ်ကို ရောက်လာတဲ့ ပိုလ်ဒိုးစကီးနဲ့ တွေ့ရတဲ့ ဗန်ပါစီ။
  • Van Persie
    ကလပ်အသင်းမှာ ခြေစွာသလောက် နယ်သာလန် နိုင်ငံအသင်းမှာ ကစားတော့ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဗန်ပါစီ။
  • Alex Song
    အာဆင်နယ်က ခွာတော့မဲ့ နောက်တယောက်၊ အဲလက် ဆောင်းလဲ ဘာစီလိုးနားကို သွားမယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။