BBC navigation

မိုဘီဂျီနိုနဲ့ အိုင်စီ ရော့ခ်ကာများ အပိုင်း ၂

နောက်ဆုံး ရေးသားချိန် 20 သြဂုတ်လ 2012 - 14:20 GMT

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Iron Cross

Iron Cross အဖွဲ့က ရော့ခ် အဆိုတော်ကြီးတွေ ဖြစ်တဲ့ လေးဖြူ၊ မျိုးကြီး ၊ အငဲ ၊ ဝိုင်ဝိုင်း တို့က သူတို့ အကြိုက်ဆုံး သူတို့ရဲ့ သီချင်းတွေအကြောင်း ပထမပိုင်းမှာ တင်ဆက်ခဲ့သလို ဒုတိယပိုင်းမှာတော့ သူတို့ ခံစားမိတဲ့၊ သူတို့ကြိုက်တဲ့ တခြားအဆိုတော်တွေရဲ့ သီချင်းတွေ အကြောင်းကိုလည်း တင်ဆက်ပေးထားပါတယ်။

သူတို့ ကြိုက်တဲ့ သီချင်းတွေထဲမှာ မြန်မာနိုင်ငံက အဆိုတော်တွေ ပါသလို နိုင်ငံခြား အဆိုတော်တွေလဲ ပါပါတယ်။

အများစုကတော့ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ စွဲနေသေးတဲ့ သီချင်းတွေကို အကြိုက်ဆုံးတွေ အဖြစ် ပြောပြကြပါတယ်။

သီချင်းလည်း ရေးတဲ့ ကိုအငဲကတော့ ဘဝဒဿနတွေ ထုံမွှန်းနေတဲ့ ဆရာ စိုင်းခမ်းလိတ်ရဲ့ သီချင်းတပုဒ်ကို ကြိုက်တယ်လို့ ဆိုပါတယ်။

ကိုလေးဖြူကတော့ အချိန်အခါအလိုက် သူ့ရဲ့ အကြိုက်တွေ ပြောင်းနေပုံနဲ့ လတ်တလော အာရုံရပြီး နားထောင်ဖြစ်တဲ့ သီချင်းကို ပြောပြပါတယ်။

ကိုမျိုးကြီးကတော့ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ဂစ်တာတီးပြီး ဆိုလေ့ရှိတဲ့ သီချင်းနဲ့ အင်္ဂလန်က အဆိုတော်ကြီး တစ်ဦးရဲ့ သီချင်းကို ကြိုက်နှစ်သက်ကြောင်း ပြောခဲ့ပါတယ်။

ကိုယ်ကြိုက်တဲ့ သီချင်းနဲ့ အဆိုတော်ကြီးတွေ ကြိုက်တဲ့ သီချင်း တူမတူ သူတို့ ပြောတာ ဒီမှာ နားဆင်ကြည့်နိုင်ပါတယ်။

အိုင်စီအဆိုတော်တွေရဲ့ တသက်တာ အကြိုက်ဆုံးတေးများ

အိုင်စီအဆိုတော်တွေရဲ့ တသက်တာ အကြိုက်ဆုံးတေးများ

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။