သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တမိနစ် ဗီဒီယို သတင်းလွှာ

  • 21 ဩဂုတ် 2012

အာဖရိက တိုက်ရဲ့ သြဇာအကြီးဆုံး အငြင်းပွားဖွယ် အဖြစ်ဆုံး ခေါင်းဆောင်တွေထဲ က တယောက်ဖြစ်တဲ့ အီသီယို ပီးယား ဝန်ကြီးချုပ် မလက်စ် ဇနာဝီ ဟာ အသက် ၅၇ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ မလက်စ် ဇနာဝီဟာ သူအာဏာ ရခဲ့တဲ့ ၁၉၉၁ ခုနှစ်ကနေ အီသီယို ပီးယားရဲ့ စီးပွားရေးကို ပြောင်းလဲအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

တောင်အာဖရိက နိုင်ငံမှာ သတ္တုတွင်း အလုပ်သမားတွေရဲ့ သပိတ်မှောက် ဆန္ဒပြ ထားတာကို ခံနေရတဲ့ လွန်န်မင် ပလက်တီနမ် ကုမ္ပဏီ ကြီးက အလုပ်သမားတွေ အင်္ဂါနေ့ နောက်ဆုံးထားပြီး အလုပ်မဝင်ရင် အလုပ်ထုတ်ပစ်မယ်လို့ အမိန့်ကြေညာ ချက် ထုတ်ထားတာကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ထဲတုန်းက ဆန္ဒပြမှုကို ရဲကဖြိုခွဲခဲ့လို့ အလုပ်သမား ၃၄ ယောက် သေဆုံးခဲ့ပါတယ်။

တူရကီ မှာ တနင်္လာညနေ တုန်းက ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ကာ့ဒစ်ရှ် ခွဲထွက်ရေး အဖွဲ့က ငြင်းလိုက်ပါတယ်။ ဆီးရီးယား နယ်စပ် မြို့ဖြစ်တဲ့ ဂါဇီယန်တက်ပ် မြို့နားက ရဲစခန်းတခုနားမှာ ကားဗုံးဖောက်ခွဲမှုကြောင့် အနည်း ဆုံး လူ ၉ ယောက်သေဆုံးခဲ့တာဖြစ်ပါတယ်။ အခုအထိ ဘယ်အဖွဲ့ကမှ သူတို့ လက်ချက် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။