BBC navigation

မသန်ပေမဲ့ စွမ်းတဲ့သူ

နောက်ဆုံး ရေးသားချိန် 21 သြဂုတ်လ 2012 - 17:06 GMT

မသန်ပေမဲ့ စွမ်းတဲ့သူ

  • Burmese disabled
    အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးမြတ်သူဝင်းဟာ မွေးလာကတည်းက သူငယ်နာ အကြောတင်းဝေဒနာကို ခံစားခဲ့ရပြီး အကူအညီမပါပဲ ဘာမှ မလုပ်နိုင်သူတယောက်ပါ။
  • Burmese disabled
    နေ့စဉ် သူ့ရဲ့ ရုံးခန်းကို လာရင်လည်း အကူနှစ်ယောက်က တဖက်တချက်က တွဲမှ လမ်းလျှောက်နိုင်သူ ဖြစ်ပါတယ်။
  • Burmese disabled
    ရုံးရောက်တော့လဲ လှေကားကို ပွေ့ချီပေးသူ ရှိမှ တက်နိုင်ပါတယ်၊ မြန်မာနိုင်ငံက ရုံး၊ နေအိမ် အဆောက်အဦ တွေဟာ မသန်စွမ်းသူတွေ အလွယ်တကူ သွားလာနိုင်အောင် ပုံစံထုတ်ပြီး ဆောက်လုပ်ထားကြတာတွေ မဟုတ်ပါဘူး။
  • Burmese disabled
    ဦးမြတ်သူဝင်းရဲ့ ရွှေမင်းသား အကျိုးဆောင်လုပ်ငန်းမှာ ဝန်ထမ်း သုံးပုံတပုံဟာ မသန်စွမ်းသူတွေ ဖြစ်ပါတယ်။
  • Burmese disabled
    အိမ်ခြံမြေရောင်းဝယ်ရေး အပါအဝင် လုပ်ငန်းကြီးတွေ အတွက် သင့်တော်တဲ့ နေရာတွေမှာ မသန်စွမ်းသူတွေကို အလုပ်နေရာ ပေးထားပါတယ်။
  • Burmese disabled
    ကိုယ်တိုင် ဖောင်တိန်ကိုင် စာမရေးနိုင်တဲ့ သူ့အတွက် ကောင်းနေတဲ့ နှစ်ချောင်းထဲသော လက်ချောင်းလေး တွေနဲ့ ကွန်ပြူတာကို အသုံးပြုအလုပ်လုပ်ရပါတယ်။
  • Burmese disabled
    တယ်လီဖုန်းပြောဖို့ကိုတောင် ဖုန်းခွက်ကို တခြားသူ ကိုင်ထားပေးမှ ပြောနိုင်တဲ့ အတွက် ကွန်ပြူတာဟာ အသုံးဝင်လှပါတယ်။
  • Burmese disabled
    တခြားလုပ်ငန်းရှင်တွေက မသန်စွန်းသူတွေဆိုရင် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်တယ်ဆိုတဲ့ အစွဲနဲ့ အလုပ်မခန့်ချင် ကြတာကို ချေဖျက်ဖို့ သူကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
  • Burmese disabled
    လက်နှစ်ဖက်လုံး မရှိတော့တဲ့ မမေဇင်အောင်ဆိုရင် ကွန်ပြူတာ ဝက်ဘ်ဒီဇိုင်နာတယောက် ဖြစ်အောင် ကြိုးစား လာခဲ့သူပါ။
  • Burmese disabled
    မသန်စွမ်းသူတွေဟာ သူတို့အပေါ် တခြားလူတွေက ရှိနေတတ်တဲ့ အစွဲတွေကို ချေဖျက်ဖို့ ပိုပြီး ကြိုးစားကြ၊ စွဲစွဲမြဲမြဲ အလုပ်လုပ်တတ်ကြတယ်လို့ ပြောပါတယ်။
  • Burmese disabled
    ပြီးတော့ သူတို့ဟာ ကိုယ်နဲ့ အဆင်ပြေနေတဲ့ လုပ်ငန်းခွင်ကနေ ခွာသွားလေ့မရှိတဲ့ အတွက် အလုပ်အပေါ် သစ္စာရှိတဲ့ ဝန်ထမ်းတွေ ဖြစ်လာကြတယ် လို့ ဦးမြတ်သူဝင်းက ပြောပါတယ်။
  • Burmese disabled
    ရွှေမင်းသားက ဝန်ထမ်းတွေရဲ့ ရုံးအဆင်း အိမ်အပြန်။
  • Burmese disabled
    အသက် ၃၂ နှစ်အရွယ် ကိုဝဏ္ဏကျော်စွာ ဟာ ချိုင်းထောက်ကို အားပြုသွားလာနေရပေမဲ့ ပြီးခဲ့တဲ့ တနှစ်က ရန်ကုန်-နေပြည်တော် မိုင် ၂၀၀ ကျော်ခရီးကို ဘီးတပ်လှည်းနဲ့ တွန်းပြီး အရောက်သွားလို့ စွမ်းသူ တယောက်အဖြစ် သက်သေထူခဲ့ပါတယ်။
  • Burmese disabled
    နေ့စဉ် ရုံးတက် ရုံးဆင်းကိုတော့ အခုလိုပဲ ဘတ်စ်ကား ကြပ်ကြပ်နဲ့ ခရီးနှင်နေရသူပါ။
  • Burmese disabled
    မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေ သွားလာနိုင်ဖို့ အဆင်ပြေပြေ ခင်းထားတဲ့ လမ်းတွေလဲ မရှိသေးတာမို့ သင့်တော်သလို ပုံစံတွေနဲ့ပဲ အဆင်ပြေအောင် စခန်းသွားနေကြရတာ ဖြစ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။