သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နိုင်ငံ့ဝန်ထမ်းတွေ ဝန်ဆောင်မှု ကောင်းပြီလား

  • 22 ဩဂုတ် 2012
Image caption ပြည်သူ့ရေးရာဝန်ဆောင်မှုတွေ ကောင်းလာပြီလား။

သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက်ပိုင်း ၁၈လ ကြာလာချိန် အခုအခါမှာ အစိုးရဝန်ထမ်း ဒါမှမဟုတ် ပြည်သူ့ဝန်ထမ်းတွေရဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်မှုတွေက ကောင်းမွန်တဲ့ဘက်ကို ပြောင်းလဲလာပြီလို့ ထင်ပါသလား။ သမ္မတကိုယ်တိုင်ကတော့ ပြည်သူတွေ ရုံးကနားနဲ့ ဆက်ဆံရတဲ့ ဒုက္ခတွေကို ကြားသိပါတယ်လို့ ပြောထားပါတယ်။ အရင်စစ်အစိုးရထက်စာရင် ဒီအစိုးရသစ်လက်ထက်မှာ အစိုးရဝန်ထမ်းတွေရဲ့ ပြုမူဆောင်ရွက်ပုံတွေကို ဘယ်လို သဘောရပါသလဲ။ ဒီအကြောင်းတွေကို ဆွေးနွေးထားပါတယ်။ ပင်တိုင်ဆွေးနွေးသူ အဖြစ်ကိုတော့ ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူး အငြိမ်းစားနဲ့ လက်ရှိမှာ စီးပွားရေးဆိုင်ရာ ဆောင်းပါးတွေ ရေးသားနေတဲ့ ဦးဟန်ထွန်း အခွန်က ပါဝင် ဆွေးနွေးပေးထားပါတယ်။