သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သြဂုတ် ၂၃ တမိနစ် သတင်းဗီဒီယို

  • 23 ဩဂုတ် 2012

တောင်အာဖရိကမှာ ရဲတွေ ပစ်ခတ်လို့ အသက်ဆုံးခဲ့ရတဲ့ မိုင်းလုပ်သားတွေ အတွက် အထိမ်းအမှတ် အောက်မေ့ဘွယ် အခမ်းအနားတွေကို ကြာသပတေးနေ့က ကျင်းပခဲ့ပါတယ်။ မိုင်းလုပ်သားတွေက လစာတိုးပေးဖို့ တောင်းဆိုဆန္ဒပ့နေတုန်း ပစ်ခတ်ခံရတာပါ၊ မိုင်းလုပ်သားတွေက အစိုးရ ဦးစီးကျင်းပတဲ့ အခမ်းအနားတွေကို မတက်ပဲ သူတို့ဟာ သူတို့ သီးခြား အောက်မေ့ဘွယ် အခမ်းအနားတွေ လုပ်ခဲ့ပါတယ်။

သြစတြေလျနိုင်ငံဟာ ဒုက္ခသည်အရေအတွက်ကို ၄၀ ရာခိုင်နှုန်းတိုးပြီး လက်ခံသွားမယ်လို့ ဝန်ကြီးချုပ် ဂျူလီယာ ဂင်းလတ်က ကြေငြာလိုက်ပါတယ်။ လူ အရေအတွက် နောက်ထပ် ၆၀၀၀ လောက်တိုး လက်ခံသွားမှာပါ၊ ခိုလှုံခွင့် လျှောက်ချင်သူတွေ တိတ်တိတ်ခိုးဝင်တာမျိုး မလုပ်ပဲ တရားဝင် လာရောက်ကြဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ဗြိတိန်မှာတော့ ဘုရင်မကြီးရဲ့ မြေးတော် မင်းသားဟယ်ရီ အမေရိကန် ပြည်ထောင်စု လားစ်ဗေးဂတ်စ်မှာ အမျိုးသမီးလေးတယောက်နဲ့ ကိုယ်လုံးတီးနဲ့ ပွေ့ဖက်နေတဲ့ ပုံတွေကို အမေရိကန်မီဒီယာတွေမှာ ဖော်ပြခဲ့ပေမဲ့ ဗြိတိန် သတင်းမီဒီယာတွေကတော့ ဒီ ဓာတ်ပုံကို မဖော်ပြပဲ ရှောင်ခဲ့ပါတယ်။ မင်းသားဟယ်ရိဟာ အမေရကားမှာ အပန်းဖြေခရီးထွက်နေတုန်း သူငယ်ချင်းတွေနဲ့ အပျော်ကစားနေခဲ့တာလို့ ဆိုပါတယ်။