သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သြဂုတ် ၂၄ တမိနစ် သတင်းဗီဒီယို

  • 24 ဩဂုတ် 2012

နော်ဝေးမှာ လူတွေ အစုလိုက်ကို ပစ်သတ်ခဲ့တဲ့ အဲန်ဒါးစ် ဘားရင်း ဘရက်ဗစ်ဟာ စိတ်အခြအနေ ပုံမှန်ရှိသူ တယောက်လို့ တရားရုံးက ဆုံးဖြတ်ပြီး သူ့ကို ထောင်ဒဏ် ၂၁ နှစ် ချလိုက်ပါတယ်။

ဂရင်းပိစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ အပါအဝင် ၆ ဦးဟာ အာတိတ်ဒေသမှာ ရုရှားက ရေနံ နဲ့ သဘာဝဓာတ်ငွေ့တူးဖော်နေတာကို ကန့်ကွက်တဲ့ အနေနဲ့ ရုရှားရဲ့ ကမ်းလွန် ရေနံတူးစင်တခု ပေါ်ကို တက်ပြီး စင်နံရံဘေးမှာ တွဲလောင်းချလို့ နေနေကြပါတယ်။

တရုတ် နိုင်ငံ အရှေ့မြောက်ဖက်ပိုင်း ဟာဘင်မြို့မှာတော့ ရှစ်လမ်းသွား လမ်းမကြီး တခုပါတဲ့ တံတားသစ်တခုရဲ့ အစိတ်အပိုင်းတခု ပြိုကျလို့ လူ သုံးဦး အသက်ဆုံးခဲ့ပါတယ်။