BBC navigation

မသန်စွမ်းအားကစား သမားတွေရဲ့ ဇာတ်လမ်းစုံ

နောက်ဆုံး ရေးသားချိန် 31 သြဂုတ်လ 2012 - 14:54 GMT

မသန်စွမ်း အားကစားသမားတွေ

  • Paralympics  (Credit CPB)
    အသက် ၁၈ နှစ်အရွယ် ဘရာဇီးက တင်းနစ်မယ် နာတာလီ မာယာရာဟာ အသက် နှစ်နှစ်မှာ ကားတိုက်ခံရလို့ ခြေဖြတ်ခဲ့ရတယ်၊ အဲဒီကတည်းက ချိုင်းထောက်နဲ့ တမျိုး၊ ဘီးတပ်လှည်းနဲ့ တနည်း သွားလာခဲ့ရတယ်၊ ဘရာဇီးရဲ့ ကားရထားတွေမှာ မသန်စွမ်းသူတွေ အတွက် အဆင်ပြေအောင် လုပ်ပေးမထားလို့ သူ တခါတလေ လေ့ကျင့်ခန်းတောင် သွားမဆင်းနိုင်ခဲ့ဘူး လို့ ဆိုပါတယ်။
  • Paralympics  (Credit CPB)
    ဘရာဇီးမှာ မသန်စွမ်းဖြစ်ရသူ အများစုက ကားတိုက်ခံရလို့ ဖြစ်ကြပါတယ်၊ ၂၀၀၀ ခုနှစ်မှာ စက်ချုပ်သမ ကလော်ဒီယာ ဆန်တို့စ် ကားတိုက်ခံရလို့ ခြေတဖက် ဆုံးခဲ့ပါတယ်၊ သူ ပြန်ကောင်းဖို့ ကြိုးစားရင်း ဝေဒနာ အပြင်းအထန်ခံနေရချိန်မှာ ဆရာဝန်က သူ့ကို အားကစားလုပ်ဖို့ ပြောခဲ့တယ်၊ အဲဒီတုန်းက မသန်စွမ်းအိုလံပစ်ဆိုတာကို သူ ကြားတောင်မကြားဖူးဘူး၊ အခုတော့ သူ ဟာ အသက် ၃၅ နှစ်မှာ ကမ္ဘာ့ချံပီယံ လှေလှော်သမား ဖြစ်နေပါပြီ။
  • Paralympics (Credit PA)
    အသက် ၃၀ အရွယ် လှေလှော်ပြိုင်ပွဲ ဝင်မယ့် နစ် ဘေတန်ဟာ အာဖဂန်နစ္စတန်မှာ ဒဏ်ရာရခဲ့တဲ့ စစ်သားဟောင်းတယောက်ပါ၊ သူ့လို စစ်ပွဲပြန် ခြောက်ယောက် ဒီ နှစ် မသန်စွမ်းအိုလံပစ်မှာ ဝင်ပြိုင်ကြမှာပါ။ နစ် ဟာ အာဖဂန်နစ္စတန်က ဟယ်လ်မင်း ပြည်နယ်မှာ လမ်းဘေးထောင်မိုင်း ထိလို့ ခြေနှစ်ဖက်စလုံး ဆုံးခဲ့ရပါတယ်။
  • Paralympics (Emma Lynch)
    ဂျော်ဂျီယာက နီကာ ဗာအူရီဟာ အသက် ၁၆ နှစ်အရွယ်မှာ သူ့အိမ်နားမှာတွေ့ရတဲ့ မိုင်းဗုံးတလုံးကို သွားကိုင်မိလို့ မိုင်းကွဲပြီး ညာဖက်လက်လဲ ပြတ်တောက်ပျက်စီး၊ မျက်စေ့နှစ်လုံးလဲ ကွယ်ခဲ့ပါတယ်၊ သူက တက္ကသိုလ်တက်ဖို့ ကြိုးစားပေမဲ့ ဘယ်လက်က ဖြောင့်အောင် မဆန့်နိုင်လို့ မျက်မမြင် ဘာသာစကား ဘရေးလ်စာကို မဖတ်နိုင်လို့ ပညာဆက်မသင်နိုင်ခဲ့ပါဘူး၊ အခုတော့ ရေကူးဟာ သူ့အတွက် အကောင်းဆုံး အားကစားနည်းဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
  • Paralympics (Emma Lynch)
    သီရိလင်္ကာက လာပြိုင်ကြတဲ့ အားကစားသမားတွေကတော့ သူတို့အစိုးရက ထောက်ပံ့မှု နဲတာကို ဝေဖန်ပါတယ်၊ မီတာ ၄၀၀ မှာ ကမ္ဘာ့အဆင့် ၅ ရှိတဲ့ ပရာဒိ ဆန်ဂျာယာက သူတို့ ပြိုင်ပွဲဝင်ဖို့ ဖိနပ်၊ အင်္ကျီ၊ အားစား ပစ္စည်းတွေ အားလုံး ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ခဲ့ရတယ်လို့ ပြောပါတယ်။
  • Paralympics
    သီရိလင်္ကာမှာ ပြည်တွင်းစစ် ဒဏ်ကြောင့် သေဆုံးရသူတွေ သောင်းချီရှိခဲ့သလို ဒဏ်ရာရ ကိုယ်လက်အင်္ဂါ ချို့ယွင်း ရသူတွေလဲ အများကြီးပါ၊ လားလ်ပွတ်ရှ်ပါကူမာရ ဟာ ၂၀၀၈ ခုနှစ်က ဗုံးကွဲမှုမှာ ဘယ်ခြေထောက်ပြတ်ခဲ့ပြီး အခုတော့ မီတာ ၂၀၀ အပြေးမှာ ကမ္ဘာ့အဆင့် ၄ နေရာမှာ ရှသူပါ၊ သူတို့မှာ တုတ်ချောင်းကလွဲလို့ လေ့ကျင့်စရာ ပစ္စည်း ဘာမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
  • Paralympics
    ကိုလံဘီယာက မြို့ပေါ် အကြမ်းဖက်မှုတွေရဲ့ သားကောင် ဖြစ်ခဲ့ရသူ အနဲဆုံး လေးဦး အခု လန်ဒန်အိုလံပစ်ပြိုင်ပွဲကို ပါလာကြပါတယ်။ ဘတ်စကက်ဘော အားကစားသမား ဖရက်ဒီ ရိုဒရီဂွက်ဇ်ဟာ အသက် ရှစ်နှစ်သား အရွယ်မှာ ဘယ်သူ ပစ်လိုက်မှန်းမသိတဲ့ ကျည်ဆံ ကျောရိုးကို မှန်လို့ အောက်ပိုင်းသေသွားခဲ့ရသူပါ။
  • Paralympics
    ဝီလျံပူလီဒိုလဲ ဘိုဂိုတာမြို့က ရန်ပွဲတခုမှာ သေနတ်နဲ့ ပစ်ခံရပြီး အောက်ပိုင်း မသန်မစွမ်းဖြစ်ခဲ့ရသူပါ၊ နာလန်ထ လေ့ကျင့်ခန်း အဖြစ် ဘီးတပ်လှည်းစီး ဘတ်စကက်ဘော ကို စ ပြီး လေ့ကျင့် ကစားရာကနေ နိုင်ငံကိုယ်စားပြု အားကစားသမား ဖြစ်လာခဲ့သူပါ။
  • Paralympics  (Credit Emma Lynch)
    ရဝမ်ဒါက ဒိုမစ်နစ် ဘစ်ဇီမားနားဟာ ဘော်လီဘော အားကစားသမားပါ၊ သူ အသက် ၁၆ နှစ်မှာ သူပုန်တပ်က တပ်သား အဖြစ် သိမ်းသွင်းခံရပြီး တိုက်ပွဲမှာ ဘယ်ခြေပြတ်ခဲ့ပါတယ်၊ ပြီးမှာ သူပုန်တပ်ကထွက်၊ ကျောင်းပြန်တက်ပြီး အခုလို ဘော်လီဘော လက်ရွေးစင်ဖြစ်လာတာပါ။
  • Paralympics  (Credit Emma Lynch)
    ၂၀၀၄ ခုနှစ်အထိ ရဝမ်ဒါဟာ မသန်စွမ်းအားကစား သမားတွေကို အားမပေးပါဘူး၊ ၂၀၀၄ ခုနှစ် ဆစ်ဒနီ အိုလံပစ်ကို အားကစားသမား တဦးပဲ လွှတ်ခဲ့ပါတယ်။ အခု လန်ဒန် မသန်စွမ်း အိုလံပစ်ကိုတော့ ရဝမ်ဒါက အားကစားသမား ၁၄ ယောက်လာရောက် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
  • Paralympics  (Credit AFP)
    ပိုလီယိုကြောင့် ညာခြေသိမ်သွားရတဲ့ ပါကစ္စတန်က မူဒါဆာ ဘိတ်ဟာ လန်ဒန်မှာ လာပြိုင်တဲ့ ပါကစ္စတန် အားကစားသုံးဦးထဲက တဦးပါ၊ သူဟာ မီတာ ၂၀၀ နဲ့ ၄၀၀ မှာ ဝင်ပြိုင်ပါမယ်၊ သူ ငယ်ငယ်က တခြားကလေးတွေကို ပြေးနိုင်လွှားနိုင်ချင်တယ်၊ အခုတော့ ပြိုင်ပြီး နိုင်ရတဲ့ အပြေးသမား ဖြစ်ဖို့ လမ်းစ တွေ့လာရပါပြီလို့ ပြောပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။