သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စက်တင်ဘာ ၃ ရက် တမိနစ် သတင်းဗီဒီယို

  • 3 စက်တင်ဘာ 2012

ဆီးရီးယား ငြိမ်းချမ်းရေး အတွက် အသစ် ခန့်အပ် လိုက်တဲ့ နိုင်ငံတကာ အထူး ကိုယ်စားလှယ် လက်ခ်ဒါ ဘရာဟိမီ က ဆီးရီးယား အစိုးရနဲ့ သူပုန်တွေ အကြား တိုက်ခိုက် နေမှုတွေ အဆုံးသတ်ရေး ဆိုတဲ့ သူ့ရဲ့တာဝန်ဟာ ဖြစ်နိုင်ချေ မရှိဘူးလို့ ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောကြား လိုက်ပါတယ်။ သူ့တာဝန်ယူ လုပ်ဆောင် ရမယ့် အပိုင်းနဲ့ ပတ်သက်ပြီး စိုးရိမ်တယ် လို့လည်း သူက ဝန်ခံ ပြောကြား သွားပါတယ်။

ပါကစ္စတန် နိုင်ငံ ပက်ရှာဝါ မြို့မှာ အမေရိကန် ကောင်စစ်ဝန် တစ်ယောက်ရဲ့ ကားကို အသေခံ ဗုံးခွဲ သမား တစ်ယောက်က ဖောက်ခွဲ ပစ္စည်း အပြည့်တင်ထားတဲ့ ကားနဲ့ ဝင်တိုက်ဖေါက်ခွဲ ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၃ ဦး သေဆုံးသွားပါတယ်။

အမေရိကန် ၂ ဦးနဲ့ ကောင်စစ်ဝန်ရုံးမှာ အလုပ်လုပ်နေတဲ့ ပါကစ္စတန်တဦးလည်း ဒဏ်ရာရရှိသွားလို့ ဆေးကုသမှုခံယူနေရတယ်လို့ အမေရိကန် သံရုံးက ပြောပါတယ်။

အီသီယိုပီးယား ဝန်ကြီးချုပ် မဲလက်စ် ဇနာဝီကို ဂုဏ်ပြုတဲ့ အနေနဲ့ သူ့ရဲ့ ရုပ်အလောင်းကို အထူးပြခန်း တခုမှာ ထားရှိမှာ ဖြစ်တယ်လို့ အီသီယိုပီးယား အစိုးရက ကြေညာလိုက်ပါတယ်။ အဲဒီပြခန်းမှာ မစ္စတာ မဲလက်စ်ရဲ့ ကလေးဘဝ ကနေ လူလား မြောက်သည် အထိ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းကို ဖေါ်ပြပေးထားမှာ ဖြစ်ပါတယ်။