BBC navigation

အထည်ချုပ်စက်ရုံ အလုပ်သမတွေ ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 7 စက်တင်ဘာလ 2012 - 16:57 GMT

အထည်ချုပ်စက်ရုံ အလုပ်သမတွေ ဆန္ဒပြ

  • Garment workers' strike
    စက်တင်ဘာ ၇ ရက်နေ့ မနက်က လှိုင်သာယာ စက်မှု ဇုန် အမှတ် ၄ Myue နဲ့ Sue အထည်ချုပ် စက်ရုံက အလုပ်သမား ၁၃၀၀ နီးပါးဟာ လုပ်ခ လစာတိုးပေးဖို့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
  • Garment workers' strike
    သူတို့ဟာ လှိုင်သာယာ စက်ရုံကနေ မရမ်းကုန်းအလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန အထိ လမ်းလျှောက်ပြီး ဆန္ဒပြခဲ့ကြ ပါတယ်။
  • Garment workers' strike
    အလုပ်သမားတွေဟာ တလ လစာ၂၅၀၀၀ ကနေ ၃၀၀၀၀ အထိ တိုးမြှင့်ပေးဖို့ တောင်းဆို ထားတာကို အလုပ်ရှင်ဖက်က မလိုက်လျော တဲ့အတွက် အခု လို ဆန္ဒပြရတာလို့ ဆိုပါတယ်။
  • Garment workers' strike
    မိုးတွေရွာချတဲ့ကြားမှာပဲ အလုပ်သမားတွေဟာ ထီးဆောင်းလို့ ဆက်ပြီး ထိုင် ဆန္ဒပြ နေခဲ့ကြပါတယ်။
  • Garment workers' strike
    အလုပ်သမားရုံးကို ပိတ်ဆို့ပြီး ထိုင်နေတဲ့ အလုပ်သမားတွေကို ရဲတွေက ဆန္ဒပြခွင့် ကြိုတင်မတောင်းခံပဲ ပြုလုပ်တဲ့ အတွက် အရေးယူခံရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
  • Garment workers' strike
    ညနေပိုင်းမှာတော့ အလုပ်သမားတွေဖက်က ကိုယ်စားလှယ်တွေ ရွေးချယ်ပြီး အလုပ်ရှင်နဲ့ ဆွေးနွေးဖို့ ဆုံးဖြတ်ပြီး လှိုင်သာယာစက်ရုံကို ပြန်သွားခဲ့ကြပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။