သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပြည်တွင်းငြိမ်းချမ်းရေး နဲ့ တိုင်းရင်းသား ရေးရာဝန်ကြီးကိစ္စ

  • 13 စက်တင်ဘာ 2012
Image caption တိုင်းရင်းသားရေးရာဝန်ကြီးတွေကို ပြည်တွင်းငြိမ်းချမ်းရေးမှာ ပါဝင်ဆောင်ရွက်ကြဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း

သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ပြည်နယ်၊ တိုင်းတွေက တိုင်းရင်းသား ရေးရာ ဝန်ကြီးတွေကို တွေ့ဆုံခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရကြား ဆောင်ရွက်နေကြတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အောင်မြင်ရေး ကူညီ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ တိုင်းရင်းသား ဝန်ကြီးတွေရဲ့ အခန်းကဏ္ဍဟာ တကယ်ရော ရှိပါရဲ့လား။ ဒီအကြောင်းတွေကို ဆွေးနွေး အဖြေရှာကြည့် ထားပါတယ်။

စစ်ကိုင်းတိုင်းရဲ့ ချင်းရေးရာ၀န်ကြီး ဦးနိုထန်ကပ်၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ဥက္ကာ၊ ကချင်သတင်းဌာနရဲ့ အယ်ဒီတာ ကိုနော်ဒင်၊ စိမ်းရောင်စို လှုပ်ရှားမှုအဖွဲ့က ဒုတိယ ဥက္ကဌနဲ့ မီဒီယာသမား ကိုမင်းထက်ငြိမ်ချမ်းနဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုတိုးကျော်လှိုင်တို့က ပါဝင် ဆွေးနွေးထားကြပါတယ်။