BBC navigation

ဒေါ်အောင်ဆန်းစုကြည် သမ္မတ အိုဘားမားနဲ့ တွေ့

နောက်ဆုံး ရေးသားချိန် 19 စက်တင်ဘာလ 2012 - 10:52 GMT

ဒေါ်အောင်ဆန်းစုကြည် သမ္မတ အိုဘားမားနဲ့ တွေ့ဆုံ

  • Daw Suu in USA
    အမေရိကန်မှာ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာလ ၁၉ ရက်နေ့က သမ္မတ အိုဘားမားက အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံ။
  • Daw Suu in USA
    အဲဒီနေ့ မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် လွှတ်တော်က အရပ်သားတွေကို ပေးတဲ့ ဆုတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ ကွန်ဂရက်ရွှေတံဆိပ်ဆုကို အခမ်းအနားနဲ့ လက်ခံရယူခဲ့ပါတယ်။
  • Daw Suu in USA
    ဆုယူအပြီး အောက်လွှတ်တော် လူနည်းစု အမတ်များရဲ့ ခေါင်းဆောင် မစ္စက် နန်စီ ပလိုစီ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စက် ကလင်တန်တို့နဲ့ အတူ၊
  • Daw Suu in USA
    ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဆုလက်ခံရယူတဲ့ အချိန်ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန်ရဲ့ မြန်မာ့ ဒီမိုကရေစီအရေး ထောက်ခံအားပေးမှုတွေကို ကျေးဇူးတင်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်ကိုလဲ နိုင်ငံတွင်းက အပြောင်းအလဲတွေ အတွက် အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။
  • Daw Suu in USA
    ဒီအခမ်းအနားကို သီတဂူ ဆရာတော်ကြီး နဲ့ ရွှေညဝါဆရာတော်တို့လို သံဃာတော်တွေလည်း တက်ရောက်ခဲ့ပါတယ်။
  • Daw Suu in USA
    အမေရိကန် ဒီမိုကရေစီကို သရုပ်ဖော်တဲ့ ကက်ပီတယ် အဆောက်အဦထဲမှာ အခုလို ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင်ကို ဂုဏ်ပြုရတာ သင့်လျော်လှတယ်လို့ ဒီပွဲမှာ မိန့်ခွန်းပြောကြတဲ့ လွှတ်တော်အမတ်တွေက ပြောခဲ့ပါတယ်။
  • Daw Suu in USA
    မြန်မာ့အရေးကို အစဉ်တစိုက်ထောက်ခံ အားပေးခဲ့သူ သမ္မတကတော်ဟောင်း လော်ရာ ဘုရှ်လည်း တက်ပြီး စကားပြောခဲ့။
  • Daw Suu in USA
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို သရုပ်ဖော် ထွင်းထုထားတဲ့ ကွန်ဂရက်ရွှေတံဆိပ်။
  • Daw Suu in USA
    အမေရိကန်လွှတ်တော်တွင်းက ဝါရင့် အထက်နဲ့ အောက်လွှတ်တော်အမတ်တွေနဲ့ အတူ။
  • Daw Suu in USA
    ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း အဖြစ်ဝင်ပြိုင်ခဲ့ဖူးတဲ့ ဝါရင့်လွှတ်တော် ကိုယ်စားလှယ် ဂျွန်ကယ်ရီကလည်း ဒေါ်စုနဲ့ ရင်းရင်းနှီးနှီး၊
  • Daw Suu in USA
    သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့နေတုန်း သူနဲ့ လိုက်ပါလာတဲ့ အဖွဲ့ဝင်တွေက နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ စကားစမြည်။
  • Daw Suu in USA
    အမေရိကန် မှာရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၈ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဌာနကို သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
  • Daw Suu in USA
    မစ္စက်ကလင်တန်က မြန်မာ့ ဒီမိုကရေစီရေးမှာ အမေရိကန်ဖက်က ဘယ်လို အကူအညီတွေ ဆက် ပေးရမလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
  • Daw Suu in USA
    နေ့လယ်ပိုင်းမှာတော့ Asia Society နဲ့ US Institute for Peace တို့ ပူးတွဲကျင်းပတဲ့ မြန်မာနိုင်ငံ အပြောင်းအလဲ နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို ဝန်ကြီး ကလင်တန်လဲ တက်ရောက်ခဲ့ ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တက်လာတဲ့ ပရိသတ်နဲ့ မိတ်ဆက် အဖွင့် စကားပြောခဲ့ပါတယ်။
  • Daw Suu in USA
    Asia Society ဘုတ်အဖွဲ့ဝင် တွမ်ဖရက်စတာကလည်း ဒေါ်အောင်ဆန်းစုကြည်ကို Global Vision Award ဆုကို အဲဒီ ပွဲမှာ ချီးမြှင့်ခဲ့ပါတယ်။
  • Daw Suu in USA
    ဆွေးနွေးပွဲမှာ မိန့်ခွန်းပြောတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင်းက အပြောင်းအလဲတွေ အကြောင်းနဲ့ အခုအချိန်မှာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့သွားသင့်ပြီ ဖြစ်ကြောင်း ပြောသွားပါတယ်။
  • Daw Suu in USA
    မိန့်ခွန်း အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွေးနွေးပွဲမှာ ဆက်ပြီး မေးခွန်းတွေကို ဖြေခဲ့ပါတယ်။
  • Daw Suu in USA
    ပိတ်ဆို့အရေးယူမှုတွေ အကြောင်း၊ ရခိုင်ပြည်နယ်တွင်းက ပြဿနာတွေနဲ့ ၈၈ မျိုးဆက်တွေ အပေါ် သဘောထား တွေကိုလည်း အမေးရှိလာလို့ ဖြေကြားသွားခဲ့ပါတယ်။
  • Daw Suu in USA
    တက်ရောက်လာတဲ့ ပရိသတ်တွေနဲ့ အတူ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဒီ ဆွေးနွေးပွဲကို အတင်တာနက်က တဆင့်လည်း တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။