သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စက်တင်ဘာ ၂၄ တမိနစ်သတင်းဗီဒီယို

  • 24 စက်တင်ဘာ 2012

တရုတ်နိုင်ငံက ပြည်နယ် ရဲချုပ် တဦးဖြစ်သူ ဝမ်လီဂျွန်ကို တာဝန်ပျက်ကွက်မှု အာဏာ အလွဲသုံးစား လုပ်မှု၊ နောက် ဗြိတိသျှ စီးပွားရေးသမား အသတ်ခံခဲ့ ရတာကို ဖုံးအုပ်ထားမှု စတဲ့ အမှုတွေနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဝမ်လီဂျွန်ဟာ နှစ်ပေါင်းများစွာ အတွင်း ပြဿနာ အကြီးဆုံးသော နိုင်ငံရေး အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်နေသူ လည်း ဖြစ်ပါတယ်။

ဆိုမာလီနိုင်ငံ အဲလ်ရှာဘတ် သူပုန် အဖွဲ့ရဲ့ ခွဲထွက်အဖွဲ့ တခုဟာ အာဖရိက သမဂ္ဂ တပ်ဖွဲ့ထံ မှာ လက်နက် ချလိုက်ပြီ ဖြစ်ပြီး၊ သူတို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း စွန့်လွှတ် လိုက်ပြီ ဖြစ်တယ် လို့ ပြောကြား ပါတယ်။ မြို့တော် မိုဂါဒစ်ရှူး ကနေ တိုက်ထုတ် ခံခဲ့ရတဲ့ ဒီအဲလ်ရှာဘတ် အဖွဲ့က တချို့အုပ်စုတွေဟာ အဖွဲ့ကနေ ခွဲထွက်သွားပြီး ဆိုမာလီ အစိုးရ နဲ့ အာဖရိက သမဂ္ဂ တပ်ဖွဲ့တွေထံ အညံခံ နေခဲ့ ကြတာ ဖြစ်ပါတယ်။

နီပေါနိုင်ငံ မန်းနက်စလူ တောင်ပေါ်မှာ နှင်းထုတွေ ပြိုကျတဲ့ အတွက် လူပေါင်း ၉ ဦးထက်မနည်း သေဆုံးသွား ပါတယ်။ အနည်းဆုံး ၃ ဦးလောက်က ပျောက်ဆုံးနေပြီး အခုတော့ ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေ ကို ပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။ သေဆုံးသူ အများစုဟာ ပြင်သစ် ဂျာမနီ စပိန် နိုင်ငံတို့က တောင်တက် သမားတွေ ဖြစ်ကြပါတယ်။